အာဂျင်တီး​​နား​တွင် ​ဘောလုံး​​ပြန်ကစား​ရန် ရိုဒရီဂွတ်ဇ် စဉ်း​စား​နေ

alt

မိမိအ​နေနှင့်​ အာဂျင်တီး​နား​ပြန်ရန် စဉ်း​စား​နေပြီဟု လီဗာပူး​လ် ကစား​သမား​ မက်စီ ရိုဒရီဂွတ်ဇ်က ​ပြောကြား​လိုက်သည်။

လီဗာပူး​လ် ​တောင်ပံတိုက်စစ်သမား​က ၎င်း၏ ​ဘောလုံး​သမား​ဘဝ စတင်ရာ နယူး​ဝဲအိုဘွိုင်း​ အသင်း​သို့​ ပြန်ရန် အသင့်​ဖြစ်​နေပြီဟုဆိုသည်။ လီဗာပူး​လ်တွင် ၂ ရာသီ ကစား​ခဲ့​ပြီး​နောက် မိမိသည် နယူး​ဝဲသို့​ ပြန်သင့်​ပြီဟု ခံယူထား​ကြောင်း​ မက်စီက ဖွင့်​ဟခဲ့​သည်။ နယူး​ဝဲ အသင်း​ကလည်း​ အက်သလက်တီကို မက်ဒရစ်မှ လီဗာပူး​လ်သို့​ ​ပြောင်း​ရွှေ့​လာသည့်​ အာဂျင်တီး​နား​ လက်​ရွေး​စင်အား​ ကမ်း​လှမ်း​မှု ပြုလုပ်ထား​ကြောင်း​ သိရသည်။

အသက် ၃၀ အရွယ်ရှိ မက်စီက လီဗာပူး​လ်အ​နေနှင့်​ မိမိထွက်ခွာဖြစ်ခြင်း​ကြောင့်​လည်း​ ကြီး​ကြီး​မား​မား​ ထိခိုက်မည်ဟု မထင်မိ​ကြောင်း​ သုံး​သပ်ခဲ့​သည်။ မိမိသည် နယူး​ဝဲ အသင်း​မှ ထွက်လာကတည်း​က တစ်​နေ့​နေ့​တွင် ထိုအသင်း​သို့​ ပြန်လာမည်ဟု ကတိပြုခဲ့​ကြောင်း​လည်း​ မက်စီကဆိုသည်။ လီဗာပူး​လ် မန်​နေဂျာ ကန်နီဒဲလ်ဂလစ်ရှ်သည် အသင်း​တွင် ကစား​သမား​ အချို့​ကို ​ရောင်း​ထုတ်ရန် စီစဉ်​နေရာ မက်စီ၏ ဆန္ဒကို လိုက်​လျော​ပေး​ဖွယ် ရှိ​နေသည်။

လီဗာပူး​လ်သည် မက်စီအပြင် ခရစ္စတီယန်​ပေါလ်ဆန်၊​ ​ပေါလ်ကွန်ချက်စကီး​၊​ ဘရတ်ဂျံုး​စ်နှင့်​ အဲလ်ဘာတို အကွီလာနီတို့​ကိုပါ ​ရောင်း​ချသွား​ဖွယ် ရှိ​နေသည်။ မက်စီသည် လီဗာပူး​လ်တွင် ၂ ရာသီ ကစား​ပြီး​နောက် ၄၅ ပွဲတွင် ၁၁ ဂိုး​ သွင်း​ယူ​ပေး​နိုင်ခဲ့​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here