​တောင်ကိုရီး​ယာ​အဆို​တော် ​ဒေဆွန်း​ ကား​ဖြင့်​တိုက်သတ​်မှုကျူး​လွန်

alt

​တောင်ကိုရီး​ယား​ Popဂီတ ကြယ်ပွင့်​တစ်ဦး​သည် လူတစ်ဦး​အား​ ကား​ဖြင့်​ တိုက်သတ်ခဲ့​ကြောင်း​ စွပ်စွဲခံ​နေရသည်။

အဆို​တော် ​ဒေဆွန်း​အား​ ယခုအခါ ကိုရီး​ယား​ ရဲတပ်ဖွဲ့​က ထိန်း​သိမ်း​ထား​ပြီး​ လာမည့်​သီတင်း​ပတ်တွင် အာမခံဖြင့်​ လွှတ်​ပေး​မည်ဟု ရဲတပ်ဖွဲ့​က အတည်ပြု ​ပြောကြား​ခဲ့​သည်။ ကိုရီး​ယား​ Popဂီတအဖွဲ့​ Big Bangမှ အဖွဲ့​ဝင် တစ်ဦး​ဖြစ်​သော ​ဒေဆွန်း​သည် ​မေလ ၃၁ ရက်​နေ့​က ​မော်​တော်ဆိုင်ကယ် သမား​တစ်ဦး​အား​ ကား​ဖြင့်​ တိုက်ခဲ့​ခြင်း​ဖြစ်သည်။

​နောက်ပိုင်း​ စစ်​ဆေး​မှုများ​အရ ထိုသူသည် ဒဏ်ရာများ​ကြောင့်​ ပွဲချင်း​ပြီး​ပင် ​သေဆုံး​သွား​ခဲ့​ကြောင်း​ သိရသည်။ သို့​သော်လည်း​ အမျိုး​သား​ မှုခင်း​ဆေး​ပညာ ဌာနက ယင်း​သတင်း​ကို ကာလအတန်ကြာ မ​ကြေညာဘဲ ​ရွှေ့​ဆိုင်း​ထား​ခဲ့​သည်။ ယခုအခါ ​မော်​တော်ဆိုင်ကယ်သမား​သည် ​ဒေဆွန်း​၏ကား​ဖြင့်​ တိုက်မိရာမှ ​သေဆုံး​ခြင်း​ဖြစ်​ကြောင်း​ အတည်ပြု ​ကြေညာလိုက်ပြီး​နောက် ရဲများ​က ​ဒေဆွန်း​အား​ ထိန်း​သိမ်း​ထား​ခြင်း​ဖြစ်သည်။

အသက် ၂၂ နှစ်ရှိ အဆို​တော်သည် ယာဉ်တိုက်မှု ဖြစ်ပွား​ပြီး​နောက် ထွက်မ​ပြေး​ခဲ့​ဟု ရဲများ​ကဆိုသည်။ ၎င်း၏ ကား​ကိုယ်ထည်တွင် ​မော်​တော်ဆိုင်ကယ်သမား​၏ ​သွေး​များ​ကိုလည်း​ ​တွေ့​ရှိခဲ့​ကြောင်း​ အတည်ပြုခဲ့​သည်။ ထို့​အပြင် ​မော်​တော်ဆိုင်ကယ်သမား​၏ ​သွေး​ထဲတွင် အယ်ကို​ဟောများ​လည်း​ ​တွေ့​ခဲ့​ကြောင်း​ သိရသည်။

ဆိုး​မြို့​ရှိ ယန်ဟွာ တံတား​တွင် ဖြစ်ခဲ့​သော ယာဉ်တိုက်မှုအတွင်း​ ​ဒေဆွန်း​၏ကား​သည် တက္ကစီတစ်စင်း​နှင့်​လည်း​ ထိခိုက်မိခဲ့​သေး​သည်။ တက္ကစီသမား​မှာမူ ဒဏ်ရာအနည်း​ငယ်သာ ရရှိခဲ့​ကြောင်း​ သတင်း​ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here