စမတ်ဖုန်း​အသုံး​ပြုသူမြင့်​တက်လာခြင်း​ကြောင့်​ မိုဘိုင်း​ဖုန်း​ကွန်ရက်များ​ ​နှေး​ကွေး​လာနိုင်

alt

စမတ်ဖုန်း​ အသုံး​ပြုသူ အ​ရေအတွက် တဖြည်း​ဖြည်း​ တက်လာခြင်း​သည် မိုဘိုင်း​ဖုန်း​ ကွန်ရက်များ​ကို ​နှေး​ကွေး​ ကြပ်တည်း​သွား​စေ​ကြောင်း​ ပညာရှင်များ​က ​ပြောကြား​လိုက်သည်။

စမတ်ဖုန်း​များ​ဖြင့်​ အင်တာနက် သုံး​စွဲခြင်း​များ​ကြောင့်​ ယင်း​သို့​ ဖြစ်ရခြင်း​ဟု နိုင်ငံတကာ ဆက်သွယ်​ရေး​ ယူနီယံ ITUက ​ပြောကြား​ခဲ့​သည်။ စမတ်ဖုန်း​များ​ဖြင့်​ မိုဘိုင်း​ကွန်ရက်များ​မှတဆင့်​ အင်တာနက် သုံး​စွဲခြင်း​သည် အချက်အလက် ​ပေး​ပို့​မှု လုပ်ငန်း​များ​ ​ဆောင်ရွက်ရာတွင် သာမန်ဖုန်း​ပြောခြင်း​ထက် ၅ ဆမျှ ပိုမို​နေရာယူတတ်​ကြောင်း​ ITUမှ ကျွမ်း​ကျင်သူများ​ကဆိုသည်။

လက်ရှိတွင် ကမ္ဘာအနှံ့​ စမတ်ဖုန်း​ သုံး​စွဲသူ အ​ရေအတွက်မှာ သန်း​ ၅၀၀ ​ကျော် ရှိ​နေပြီး​ ၂၀၁၅ ခုနှစ်တွင် စမတ်ဖုန်း​ သုံး​စွဲမှု ၂ ဘီလျံ ​ကျော်သွား​မည်ဟု ခန့်​မှန်း​ထား​ရာ လိုင်း​များ​ ကြပ်တည်း​မှု ပိုမိုတိုး​မြင့်​လာနိုင်​ကြောင်း​ ITU၏ အ​ထွေ​ထွေ အတွင်း​ရေး​မှူး​ ​ဒေါက်တာ ဟာမာဒွန်တို​ရေး​က ​ပြောကြား​ခဲ့​သည်။

ITUသည် ကုလသမဂ္ဂ လက်​အောက်ခံ အဖွဲ့​အစည်း​ တစ်ခုလည်း​ဖြစ်သည်။ ​ဒေါက်တာ တို​ရေး​က နိုင်ငံများ​အ​နေနှင့်​ စမတ်ဖုန်း​ သုံး​စွဲသူများ​ အ​ရေအတွက် တိုး​ပွား​လာခြင်း​ကြောင့်​ မြန်နှုန်း​မြင့်​ Fibre Optic ချိတ်ဆက်မှုများ​အပြင် စမတ်ဖုန်း​များ​အတွက် မြန်နှုန်း​မြင့်​ အချက်အလက် စီး​ဆင်း​မှု နည်း​ပညာများ​ပါ စဉ်း​စား​ပေး​ရန် လိုအပ်​နေပြီဟု သုံး​သပ်ခဲ့​သည်။

လက်ရှိအ​ခြေအ​နေတွင် ကွန်ရက်အတွင်း​ အချက်အလက် ပို့​ဆောင်မှု အသုံး​ပြုခြင်း​သည် အဝကျဉ်း​သော ပုလင်း​ထဲ ပြွတ်သိပ်ထည့်​နေသည့်​ အ​ခြေအ​နေမျိုး​ ဖြစ်​နေပြီဟုလည်း​ ၎င်းက သတိ​ပေး​ ​ပြောဆိုသွား​ခဲ့​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here