သီဆို​ဖျော်​ဖြေ​နေစဉ် ​ဘောင်း​ဘီကျွတ်ကျသည့်​ ဗြိတိန်အဆို​တော်

alt

စတိတ်​ပေါ်တွင် ​ဖျော်​ဖြေ​နေရင်း​ ​ရော်ဘီဝီလျံတစ်​ယောက် ​ဘောင်း​ဘီကျွတ်ကျခဲ့​ကြောင်း​ သိရသည်။

ဇွန်လ ၁၅ ရက်​နေ့​ညက ဗြိတိန်အဆို​တော်သည် အင်တိုက်အား​တိုက် ​ဖျော်​ဖြေသီဆို​နေရင်း​ ​ဘောင်း​ဘီကျွတ်သွား​ခြင်း​ဖြစ်သည်။ Take Thatအဖွဲ့​မှ ​ရော်ဘီသည် Let Me Entertain You သီချင်း​ကို အား​ရပါး​ရ သီဆို​နေရင်း​ ​ဘောင်း​ဘီကျွတ်ခဲ့​သော်လည်း​ သီချင်း​အဆို မပျက်ခဲ့​ပေ။ သီချင်း​ပြီး​မှသာ ​ဘောင်း​ဘီကို ဆွဲတင်ခဲ့​သည်။ ​

ရော်ဘီက မိမိသည် အလွန်စိတ်လှုပ်ရှား​နေပြီး​ ​ဘောင်း​ဘီပါ ကျွတ်သွား​ကြောင်း​ ရယ်ရယ်​မော​မော ​ပြောကြား​ခဲ့​သည်။ ဗြိတိန်နိုင်ငံ၊​ ​ဝေလရှိ ကား​ဒစ်​ထောင်စုနှစ် အား​ကစား​ကွင်း​ကြီး​တွင် အသက် ၃၇ နှစ်ရှိ အဆို​တော်က ​ဖျော်​ဖြေခဲ့​ခြင်း​ဖြစ်သည်။

ထို့​နောက်တွင် ​ရော်ဘီသည် ​ဘောင်း​ဘီကို လုံး​ဝချွတ်ပစ်ပြီး​ အနက်​ရောင် အတွင်း​ခံ ​ဘောင်း​ဘီဖြင့်​ မတ်တပ်ရပ်​နေခဲ့​သည်။ ထို့​အပြင် ပရိသတ်များ​အား​ မိမိကို ဓာတ်ပုံရိုက်လိုက ရိုက်နိုင်​ကြောင်း​လည်း​ ​ရော်ဘီက ​ပြောဆိုခဲ့​သေး​ကြောင်း​ သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here