ချီလီမီး​တောင် ဆက်လက်​ပေါက်ကွဲ​နေမှု​ကြောင့်​ ​လေ​ကြောင်း​​ခရီး​စဉ်များ​ ရပ်ဆိုင်း​

alt

ချီလီတွင် မီး​တောင်​ပေါက်ကွဲမှု ဆက်လက်ဖြစ်ပွား​နေသဖြင့်​ ယခုသီတင်း​ပတ် အ​စောပိုင်း​တွင် ​တောင်အ​မေရိက နိုင်ငံအချို့​ ​လေ​ကြောင်း​လိုင်း​များ​ ရပ်ဆိုင်း​ခဲ့​ရသည်။

ပီရူး​၊​ အာဂျင်တီး​နား​နှင့်​ ချီလီ​လေ​ကြောင်း​ ခရီး​စဉ်အချို့​ ဖျက်သိမ်း​ခဲ့​ရသည်။ ​နောက်လတွင် ပြုလုပ်မည့်​ ကိုပါအ​မေရိကဖလား​ ​ဘောလုံး​ပြိုင်ပွဲတွင်လည်း​ ချီလီ၏ မီး​တောင်ပြာများ​ကြောင့်​ ခရီး​စဉ် အခက်အခဲများ​ ရှိနိုင်​ကြောင်း​ အာဂျင်တီး​နား​ ​ဘောလုံး​အဖွဲ့​ ဥက္ကဌ ဂျူလီယို ဂရိုဒိုနာက ​ပြောကြား​ခဲ့​သည်။ အာဂျင်တီး​နား​သို့​ သွား​ရောက်ခဲ့​သော ပီရူး​ သမ္မတ အူလန်တာ ဟူမာလာသည်လည်း​ ဇွန်လ ၁၄ ရက်​နေ့​က မီး​တောင်​ချော်ပြာများ​ကြောင့်​ ​လေယာဉ်မစီး​နိုင်ဘဲ ပီရူး​သို့​ ​ရေလမ်း​မှ ပြန်ခဲ့​ရသည်။

ဇွန်လ ၄ ရက်​နေ့​က စတင်​ပေါက်ကွဲ​သော ​ကော်လွန်ကူ​လေး​ မီး​တောင်​ကြောင့်​ အနီး​တဝိုက်ရှိ ​ဒေသခံ ၄၀၀၀ ​ကျော်ကို အ​ရေး​ပေါ် ​ရွှေ့​ပြောင်း​ပေး​ခဲ့​ရပြီး​ဖြစ်သည်။ ဗျူနို​အေး​ရီး​တွင် ဇွန်လ ၁၄ ရက်​နေ့​က ခရီး​သည် ​ထောင်နှင့်​ချီပြီး​ ​လေဆိပ်တွင် ပိတ်မိ​နေခဲ့​ရသည်။ ဘရာဇီး​နှင့်​ ဥရု​ဂွေး​တို့​မှလည်း​ ချီလီသို့​ ပျံသန်း​မည့်​ ခရီး​စဉ်များ​ကို ဖျက်သိမ်း​လိုက်ရ​ကြောင်း​ သတင်း​များ​ကဆိုသည်။

ဩစ​တြေး​လျ ​လေ​ကြောင်း​ကုမ္ပဏီ Qantasကလည်း​ ၎င်းတို့​သည် မီး​တောင်​ချော်ပြာများ​ကြောင့်​ ခရီး​စဉ်အချို့​ လမ်း​ကြောင်း​လွှဲ ပျံသန်း​ခဲ့​ရ​ကြောင်း​ ​ကြေညာသည်။ မီး​တောင်​ပေါက်ကွဲမှု​ကြောင့်​ အနီး​အနား​ ​ဒေသများ​ရှိ မြစ်​ချောင်း​များ​သည်လည်း​ ​ရေပူများ​အဖြစ် ​ပြောင်း​လဲသွား​ခဲ့​ကြောင်း​ ချီလီရှိ မီး​တောင် ​ပေါက်ကွဲမှု တိုင်း​တာ​ရေး​ ပညာရှင်များ​က ​ပြောကြား​ခဲ့​ကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here