ကွင်း​လယ်ကစား​သမား​ မာတီယူဒီအတွက် ​ပြောင်း​ရွေ့​ကြေး​ ယူရို ၁၅ သန်း​

alt

ပြင်သစ်ကလပ် စိန့်​အက်တနီယန်က အာစင်နယ်နှင့်​ လီဗာပူး​လ်တို့​ အပြိုင်ကြိုး​ပမ်း​နေသည့်​ ကွင်း​လယ်ကစား​သမား​ မာတီယူဒီအတွက် ယူရို ၁၅ သန်း​ ​ပြောင်း​ရွှေ့​ကြေး​ သတ်မှတ်​ကြောင်း​ ​ကြေညာလိုက်သည်။

အသက် ၂၄ နှစ်ရှိ မာတီယူဒီသည် အင်္ဂလန် ကလပ်အသင်း​ နှစ်ခုလုံး​၏ စိတ်ဝင်စား​မှုကို ရရှိ​နေ​သော​ကြောင့်​ စိန့်​အက်တနီယန် ဥက္ကဋ္ဌ ရိုလန်ရိုမီယာက ယခုလို ​ဈေး​နှုန်း​သတ်မှတ် ​ကြေညာခဲ့​ခြင်း​ဖြစ်သည်။ ပြီး​ခဲ့​သည့်​ ​ဘောလုံး​ရာသီက ပြင်သစ်အမှတ်​ပေး​ ပြိုင်ပွဲ၏ အ​ကောင်း​ဆုံး​ ​ဘောလုံး​ဖြတ်​တောက်သူအဖြစ် စံချိန်တင်ခဲ့​သော ကွင်း​လယ်အဖျက် ကစား​သမား​သည် ဥ​ရောပ ချန်ပီယံလိဂ်တွင် ကစား​ခွင့်​ရရန် အာသီသ ရှိ​နေရာ အင်္ဂလန် ထိပ်တန်း​ကလပ်များ​၏ ကမ်း​လှမ်း​မှုကို ကြိုဆို​နေဖွယ် ရှိသည်။

သို့​သော်လည်း​ စိန့်​အက်တနီယန်က မိမိတို့​၏ ကစား​သမား​ကောင်း​ တစ်ဦး​ကို ​ဈေး​ပေါ​ပေါနှင့်​ လက်လွှတ်ရန် အစီအစဉ်မရှိဟု ​ကြေညာခဲ့​သည်။ ဥက္ကဋ္ဌကြီး​က မိမိတို့​သည် မာတီယူဒီနှင့်​ ယခုအချိန်ထိ စာချုပ်သက်တမ်း​ ရှိ​နေဆဲဖြစ်ပြီး​ ကစား​သမား​ကို အပြည့်​အဝ ပိုင်ဆိုင်​ကြောင်း​ဆိုသည်။

ထို့​အပြင် ပြင်သစ်ကလပ် ပဲရစ်စိန့်​ဂျာမိန်း​၏ ချဉ်း​ကပ်​နေမှုကိုလည်း​ ရိုမီယာက ပယ်ချခဲ့​ပြီး​ ပြည်တွင်း​ပြိုင်ဖက်ထံသို့​ ကစား​သမား​ကောင်း​တစ်ဦး​ လက်လွှဲ​ပေး​ရန် ဆန္ဒမရှိဟု ​ပြောကြား​သွား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here