ယန်ဇီမြစ်အား​ အသက် ၆ နှစ်အရွယ်​က​လေး​ငယ် ​အောင်မြင်စွာ​ဖြတ်ကူး

alt

အသက် ၆ နှစ်အရွယ် တရုတ်က​လေး​ငယ် တစ်ဦး​သည် ယန်ဇီမြစ်ကို ​အောင်မြင်စွာ ဖြတ်ကူး​နိုင်ခဲ့​ကြောင်း​ သိရသည်။

မူလတန်း​ကျောင်း​သူ​လေး​ တန်ဂျီယာဂျီယာသည် မီတာ ၁၅၀၀ အကွာအ​ဝေး​ရှိ​သော မြစ်ကို ၂၇ မိနစ် ၂၄ စက္ကန့်​ဖြင့်​ ဖြတ်ကူး​ပြခဲ့​ခြင်း​ဖြစ်သည်။ ချံုကင်း​တွင် နိုင်ငံ၏ အရှည်ဆုံး​မြစ်ကို ဖြတ်ကူး​ပြခဲ့​သည့်​ တန်သည် ယခင်ကတည်း​က အလွန်​ရေကြိုက်သူဖြစ်​ကြောင်း​ သူမ၏ ဦး​လေး​ဖြစ်သူ ယန်ဇီဂန်း​က ရှင်း​ပြခဲ့​သည်။

က​လေး​ငယ်​လေး​ ဘဝကတည်း​က တန်ကို တစ်​နေ့​လျင် သုံး​ကြိမ်မျှ ​ရေချိုး​ပေး​ရပြီး​ မဟုတ်လျင် သူမက ​တောက်​လျှောက်ငိုယိုကာ ဆန္ဒပြတတ်​ကြောင်း​ ယန်ကဆိုသည်။ သူမအ​နေနှင့်​ ​ရေထဲတွင် အလွန်​ပျော်ရွှင်​နေတတ်​ကြောင်း​ သတိပြုမိပြီး​နောက် ယန်က တန်ကို ၂၀၀၉ ခုနှစ်တွင် ​ရေကူး​စသင်​ပေး​ခဲ့​သည်။ ဖခင်ဖြစ်သူ တန်ဖာရွန်ကလည်း​ မိန်း​က​လေး​အား​ ဖန်ဂျိုင်း​ ​ဆောင်း​ရာသီ ​ရေကူး​အသင်း​ထံ အပ်နှံ​ပေး​ခဲ့​သည်။

တန်သည် အလွယ်တကူ ​ရေကူး​တတ်လာသလို မြစ်ကမ်း​များ​တွင် ​ရေကူး​ရသည်ကို ပိုမိုနှစ်သက်လာသည်။ တန်သည် ယန်ဇီမြစ်ကို ​အောင်မြင်စွာ ဖြတ်ကူး​နိုင်ပြီး​နောက် နံ​ဘေး​တွင် ​လှေတစ်စင်း​ဖြင့်​ ​တောက်​လျှောက်လိုက်လာ​သော မိခင်က သူမအား​ ​အော်ဟစ်ဂုဏ်ပြုခဲ့​သည်။ တန်၏ မိဘများ​က သမီး​လေး​အား​ အိုလံပစ် ​ရေကူး​ပြိုင်ပွဲများ​ ပါဝင်ယှဉ်ပြိုင်​စေရန် ပျိုး​ထောင်​ပေး​သွား​မည်ဟု ​ပြောကြား​ထား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here