မလေးရှားလူဝင်မှုကြီးကြပ်ရေးအရာရှိက အဝတ်များချွတ် စစ်ဆေး

alt

မလေးရှားနိုင်ငံရောက် စင်္ကာပူ အမျိုးသမီးနှစ်ဦးအား မလေးရှား လူဝင်မှု ကြီးကြပ်ရေး အရာရှိ တစ်ဦးက အလွန်အကျွံ စစ်ဆေးမှုကြောင့် ရှုပ်ထွေးမှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။

မိန်းကလေး နှစ်ဦးသည် ဂျိုဟန်ဘာရူသို့ သွားရောက်စဉ် အရာရှိက သူမတို့အား မေးမြန်းစစ်ဆေးပြီးနောက် လက်ထိပ်ခတ်ကာ အဝတ်မပါဘဲ ဆောင့်ကြောင့်ထိုင်ခိုင်းထားခဲ့ကြောင်း သိရသည်။ အမျိုးသမီး နှစ်ဦးသည် ပတ်စပို့ မပါဘဲ ကားမောင်းသွားမိပြီးနောက် ထိုကိစ္စနှင့် ကြံုခဲ့ရခြင်းဖြစ်သည်။

၄၈ နာရီမျှ ချုပ်နှောင်ခံရပြီးနောက် သတိပေးချက်ဖြင့် ပြန်လွှတ်ပေးပြီး သူမတို့အား စင်္ကာပူသို့ ပေးပြန်ခဲ့သည်။ ထိုကိစ္စကို အသေးအမွှားလေးမျှဖြင့် ဖြေရှင်းနိုင်မည်ဟု ထင်ခဲ့ကြောင်း၊ သို့သော်လည်း မိမိတို့ ဆိုးဆိုးရွားရွား ဆက်ဆံခြင်း ခံခဲ့ရကြောင်း အာမခံ ကုမ္ပဏီတစ်ခုတွင် မန်နေဂျာ တာဝန်ယူထားသော ချန်အမည်ရှိ အမျိုးသမီးကဆိုသည်။

အထူးသဖြင့် သူမတို့အား အဝတ်ဗလာဖြင့် ဆောင့်ကြောင့်ထိုင်ခိုင်းခဲ့ခြင်းကြောင့် ချန်အနေနှင့် ဒေါသထွက် တုန်လှုပ်နေခဲ့သည်။ အသက် ၃၀ အရွယ်ရှိ ချန်သည် သူမ၏ အသက် ၂၀ ကျော် သူငယ်ချင်းနှင့်အတူ ကားမောင်းလာရင်း ပြီးခဲ့သည့် သီတင်းပတ်က အဖမ်းခံရခြင်းဖြစ်သည်။

ချန်၏ သူငယ်ချင်းဖြစ်သူ အိမ်ခြံမြေ အေးဂျင့် လင်သည် Nissan Latio အမျိုးအစား ကားလေးကို မောင်းနှင်လာရင်း နှစ်ဦးသား အဖမ်းခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here