အမေရိကန်တွင် ကွန်ပျူတာ​ဂိမ်းရောင်း​ချရမှု အနိမ့်ဆုံး​ကျဆင်း

alt

အမေရိကန်တွင် ကွန်ပျူတာဂိမ်းများ ရောင်းချရမှုသည် ၂၀၀၆ ခုနှစ်နောက်ပိုင်း အနိမ့်ဆုံး ကျဆင်းခဲ့ကြောင်း သိရသည်။

မေလအတွင်း ဂိမ်းများ ရောင်းချရမှုသည် ၁၄ ရာခိုင်နှုန်း ထိုးဆင်းသွားပြီး ဒေါ်လာ ရ၄၃ သန်းဖိုးသာ ရှိခဲ့သည်။ ယင်းမှာ ၂၀၀၆ ခုနှစ် အောက်တိုဘာလနောက်ပိုင်း ဂိမ်းရောင်းအား အနိမ့်ဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ မေလအတွင်း ဂိမ်းအသစ် ၄၂ ခုသာ ထွက်ရှိခဲ့ရာ လွန်ခဲ့သောနှစ် မေလက ၅၈ ခု ထွက်ရှိခဲ့သည်ထက် သိသိသာသာ ကျဆင်းသွားသည်။

ဈေးကွက်လေ့လာသူများက ဂိမ်းဝါသနာအိုးများသည် Softwareနှင့် Hardwareပိုင်း ငွေကုန်ခံကာ ဂိမ်းများဝယ်ယူရန်ထက် Onlineဂိမ်းများပေါ် ပိုမိုအာရုံစိုက်လာခြင်းကြောင့် ဖြစ်နိုင်ကြောင်း သုံးသပ်ခဲ့သည်။ ကွန်ပျူတာဂိမ်းများကို လူစိတ်ဝင်စားမှု လျော့နည်းလာသော်လည်း Microsoftက ထုတ်လုပ်သည့် Xbox 360ဂိမ်းစက်၊ Sony၏ PlayStation 3ဂိမ်းစက်များအတွက် ဂိမ်းများရောင်းချရမှုမှာမူ တိုးပွားလာနေကြောင်း လေ့လာသူများကဆိုသည်။

၂၀၁၁ ခုနှစ်အတွင်း ကွန်ပျူတာနှင့် ဆက်စပ် Hardwareများ အရောင်းကျဆင်းလာခြင်းက ဂိမ်းအရောင်း ကျဆင်းမှုနှင့် ဆက်စပ်မှု ရှိနေကြောင်း သုံးသပ်ခဲ့သည်။ Nintendo၏ Wiiဂိမ်းစက်များသည်လည်း ရောင်းအား တက်မလာဘဲ အမေရိကန် တစ်နိုင်ငံလုံးတွင် အလုံးရေ ၃၆ သန်းမျှသာ ရောင်းထွက်ခဲ့သည်။

ဂိမ်းများအနက် လက်ရှိတွင် L.A. Norieက ထိပ်ဆုံးမှ ရပ်တည်နေပြီး Brinkက ဒုတိယနှင့် Lego: Pirates of the Caribbeanက တတိယနေရာတို့တွင် အသီးသီး ရပ်တည်နေကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here