သန်း​ကြွယ်သူ​ဌေး​ ​ခွေး​က​လေး​ ကွယ်လွန်

alt

​ဒေါ်လာသန်း​ချီ ကြွယ်ဝသည့်​ ​ခွေး​က​လေး​မှာ ယခုအခါ ကွယ်လွန်သွား​ပြီဖြစ်သည်။

Troubleဟု အမည်​ပေး​ထား​သော ​ခွေး​လေး​သည် အသက် ၁၂ နှစ်အရွယ်တွင် ​သေဆုံး​သွား​ခြင်း​ဖြစ်သည်။ ထိုသက်တမ်း​သည် လူတစ်ဦး​တွင် အသက် ၈၄ နှစ်နှင့်​ ညီမျှသည်။ Trouble၏ ပိုင်ရှင်မှာ သူ​ဌေး​ကြီး​ ဟင်နရီဟမ်ဆလီ၏ မုဆိုး​မအဖြစ် ကျန်ရစ်သူ ဇနီး​သည် လီယွန်နာ ဟမ်ဆလီဖြစ်သည်။ သူမသည် ၂၀၀၇ ခုနှစ်၊​ အသက် ၈၇ နှစ်အရွယ်တွင် ​သေဆုံး​ခဲ့​ပြီး​နောက် သူမပိုင် ဟိုတယ်နှင့်​ အိမ်ရာလုပ်ငန်း​များ​မှ တန်ဖိုး​ဒေါ်လာ ၁၂ သန်း​မျှ အ​မွေအနှစ်များ​ကို Troubleအတွက် ချန်ထား​ပေး​ခဲ့​သည်။

ဟမ်ဆလီ၏ ကျန်ရစ်သူ မိသား​စုများ​က Troubleသည် ပြီး​ခဲ့​သည့်​ ဒီဇင်ဘာလကတည်း​က ​သေဆုံး​ခဲ့​ပြီး​ အ​မွေထိန်း​သူများ​က ယင်း​သတင်း​ကို ထိမ်ချန်ထား​ကြောင်း​ စွပ်စွဲခဲ့​သည်။ Troubleသည် ​ဒေါ်လာ ၁၂ သန်း​မျှ အ​မွေရခဲ့​သော်လည်း​ ​နောက်ပိုင်း​တွင် တရား​ရုံး​က ​ခွေး​တစ်​ကောင်အတွက် အ​မွေကို ​ဒေါ်လာ ၂ သန်း​သာ သတ်မှတ်​ပေး​ခဲ့​သည်။

TMZသတင်း​ဌာနက Trouble၏ ထိန်း​သိမ်း​မှုအတွက် တစ်နှစ်လျင် ​ဒေါ်လာ ၈၀၀၀ ကုန်ကျပြီး​ အစား​အ​သောက်အတွက် ​ဒေါ်လာ ၁၂၀၀ ကုန်ကျ​ကြောင်း​ ​ဖော်ပြခဲ့​သည်။ သန်း​ကြွယ်သူ​ဌေး​ ဖြစ်လာပြီး​နောက် Troubleကို သတ်ပစ်ရန် ခြိမ်း​ခြောက်မှု အများ​အပြား​ ရှိလာခဲ့​ရာ အချိန်ပြည့်​ လုံခြံု​ရေး​ပင် ငှား​ထား​ပေး​ရ​ကြောင်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here