American Idol တွင် ဆက်လက်ပါဝင်ရန် မ​သေချာဟု ​ဂျေလို​ပြောကြား​

alt

ဂျင်နီဖာ လိုပက်စ်က သူမအ​နေနှင့်​ American Idol အစီအစဉ်တွင် ဆက်လက်ပါဝင်ခြင်း​ ရှိမရှိ မ​သေချာ​သေး​ကြောင်း​ ဖွင့်​ဟ​ပြောကြား​လိုက်သည်။

​ဂျေလိုဟု ချစ်စနိုး​ ​ခေါ်​ဝေါ်ကြသည့်​ အဆို​တော် မင်း​သမီး​က သူမသည် နာမည်​ကျော် ရုပ်မြင်သံကြား​ ဂီတပြိုင်ပွဲတွင် ​နောက်ရာသီအတွက် ဒိုင်အဖြစ် ​ဆောင်ရွက်ရန် ရှိမရှိ ယတိပြတ် မ​ပြောနိုင်​သေး​ဟု ဖွင့်​ဟခဲ့​သည်။

Aerosmithအဖွဲ့​မှ စတီဗန်တိုင်လာ၊​ ရန်ဒီဂျက်ဆင်တို့​နှင့်​အတူ တွဲဖက်ပြီး​ American Iodlတွင် ​ဂျေလိုက ဒိုင်အဖြစ် ​ဆောင်ရွက်ရာ ပရိသတ်များ​ အထူး​နှစ်သက်ခဲ့​ကြသည်။ သူမက ဗြိတိန်၏ Radio 1နှင့်​ အင်တာဗျူး​တွင် သူမသည် ​နောက်ရာသီ အဆိုပါ အစီအစဉ်တွင် ဆက်ရှိမရှိ မသိနိုင်​ကြောင်း​ ဝန်ခံသွား​ခဲ့​သည်။

American Idolတွင် ဒိုင်အဖြစ် ​ဆောင်ရွက်ရခြင်း​ကို အမှန်တကယ် ​ပျော်ရွှင်​ကြောင်း​၊​ သို့​သော်လည်း​ ထိုအစီအစဉ်တွင် သူမ၏ အနာဂတ် ဆက်ရှိမရှိ ဆိုသည်မှာ အခြား​ကိစ္စတစ်ခုဖြစ်​ကြောင်း​ ​ဂျေလိုက ​ပြောကြား​သွား​သည်။ သူမသည် စက်တင်ဘာလတွင် ရုပ်ရှင်တစ်ခု ရိုက်ကူး​ရန် စီစဉ်​နေခြင်း​ကြောင့်​ ​နောက်ရာသီ ဒိုင်အဖြစ် ဆက်ရှိ​နေ​ရေး​အတွက် ညှိနှိုင်း​မှုများ​ ပြုလုပ်ရန် လိုအပ်သည်ဟုလည်း​ ​ဂျေလိုကဆိုသည်။

သူမသည် TVအစီအစဉ်များ​တွင် ပါဝင်​နေ​သောလည်း​ သရုပ်​ဆောင်ဘဝနှင့်​ အတန်ငယ် အလှမ်း​ကွာ​နေခြင်း​ကိုလည်း​ ဘဝင်မကျ ဖြစ်​နေ​ကြောင်း​ ​ဂျေလိုက ​ပြောကြား​သွား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here