ဂျရိုမီဘိုတန်းအား မရရှိပါက ချယ်လ်ဆီးကစားသမား အဲလက်စ်အား ဘေယန်မြူးနစ်ကမ်းလှမ်းဖွယ်ရှိ

alt

ဂျရိုမီ ဘိုတန်းအား ရရှိရေး အဆင်မပြေပါက ဘေယန်မြူးနစ် အသင်းသည် ချယ်လ်ဆီးခံစစ်မှူး အဲလက်စ်ကို ကမ်းလှမ်းလာဖွယ် ရှိနေကြောင်း သိရသည်။

ဂျာမန်ထိပ်တန်း ကလပ်အသင်းကြီး ဘေယန်သည် မန်ချက်စတာ စီးတီးတွင် ကစားနေသော ဂျာမနီ လက်ရွေးစင် ဘိုတန်းအား ခေါ်ယူရန် စီစဉ်လျက်ရှိသည်။ ဘိုတန်းနှင့် ဘေယန်တို့ကြား ပုဂ္ဂိုလ်ရေး ညှိနှိုင်းမှုများ ပြုလုပ်ပြီး ဖြစ်သော်လည်း စီးတီးအသင်းနှင့်မူ ပြောင်းရွှေ့ကြေးကိစ္စ မဆွေးနွေးရသေးပေ။

အသက် ၂၂ နှစ်ရှိ ဘိုတန်းအား ဘေယန်အနေနှင့် ခေါ်ယူနိုင်ခြင်း မရှိပါက ချယ်လ်ဆီး၏ အတွေ့အကြံုရင့် ခံစစ်မှူး အဲလက်စ်အား ချိတ်ဆက်လာဖွယ် ရှိနေသည်။ အသက် ၃၂ နှစ်ရှိ အဲလက်စ်သည် ၂၀၀၄ ခုနှစ်က ချယ်လ်ဆီးအသင်းသို့ နယ်သာလန်ကလပ် PSVအင်ဒိုဗန်မှ ပြောင်းရွှေ့လာခဲ့သည်။

သို့သော်လည်း အလုပ်လုပ်ခွင့် ပါမစ်အတွက် နိုင်ငံတကာ ပွဲကစားမှု သတ်မှတ်စံနှုန်း မပြည့်သဖြင့် PSVတွင် အငှားဖြင့် ၃ ရာသီ ဆက်ကစားခဲ့ရသေးသည်။ ၎င်းသည် PSVတွင် ၃ ရာသီအတွင်း အမှတ်ပေးချန်ပီယံဘွဲ့ ၃ ကြိမ်ရယူပေးပြီးနောက် ၂၀၀၇ ခုနှစ်တွင် ချယ်လ်ဆီးကို ရောက်လာကာ ယခုအခါ အသင်း၏ အားထားရသော နောက်ခံလူတစ်ဦးအဖြစ် ခြေစွမ်းပြ ကစားလျက်ရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here