အ​မေရိကန်က ပါကစ္စတန်ကို ဖျက်ဆီး​နေ​ကြောင်း​ အီရန်သမ္မတ​ဝေဖန်

alt

အီရန်သမ္မတ မာမွတ်အာမက်ဒီနီဂျက်က အ​မေရိကန်သည် ပါကစ္စတန် နိုင်ငံကို ဖျက်ဆီး​နေခြင်း​ဖြစ်​ကြောင်း​ ​ဝေဖန်တိုက်ခိုက်လိုက်သည်။

အ​မေရိကန်အ​နေနှင့်​ ပါကစ္စတန်၏ နျူကလီး​ယား​ ပိုင်ဆိုင်မှုကို ဖျက်ဆီး​ရန်နှင့်​ ပါကစ္စတန်ကို လွှမ်း​မိုး​ရန် ရည်ရွယ်​နေ​ကြောင်း​ အာမက်ဒီနီဂျက်ကဆိုသည်။ မိမိတို့​သည် ပါကစ္စတန် နျူကလီး​ယား​ ပိုင်ဆိုင်မှုများ​ကို အ​မေရိကန်တို့​က ဖျက်ဆီး​လိုသည့်​ သတင်း​အချက်အလက်များ​ ရရှိထား​ကြောင်း​ အာမက်ဒီနီဂျက်က တဟီရန်မြို့​မှတဆင့်​ ဖား​သတင်း​ ​အေဂျင်စီသို့​ ​ပြောကြား​ခဲ့​သည်။

၎င်းက ​ထောက်လှမ်း​ရေး​ အချက်အလက်များ​ ရရှိထား​သည် ဆို​သော်လည်း​ အ​သေး​စိတ်ကိုမူ ​ပြောဆိုမသွား​ချေ။ အစ္စလာမ် ပြည်​ထောင်စု သတင်း​အေဂျင်စီကလည်း​ အ​မေရိကန်သည် ကုလသမဂ္ဂနှင့်​ အခြား​သော နိုင်ငံတကာ အဖွဲ့​အစည်း​များ​ကို အသုံး​ချကာ ပါကစ္စတန်၏ နျူကလီး​ယား​ပိုင်ဆိုင်မှုကို ယုတ်​လျော့​အား​နည်း​အောင် တမင်တကာ ကြံစည်​ဆောင်ရွက်​နေ​ကြောင်း​ ​ဖော်ပြခဲ့​သည်။

ထို့​အပြင် 9/11 အကြမ်း​ဖက်မှု ဖြစ်ကတည်း​က အ​မေရိကန်သည် အစ္စလာမ် နိုင်ငံများ​ကို နည်း​လမ်း​မျိုး​စုံဖြင့်​ ကျူး​ကျော်ခဲ့​ပြီး​ ပါကစ္စတန်သည်လည်း​ နည်း​ဗျူဟာ​မြောက် ချဉ်း​ကပ်မှု တစ်ခုဖြင့်​ အ​မေရိကန်၏ သိမ်း​သွင်း​ဖျက်ဆီး​နေမှုမျိုး​ ခံ​နေရ​ကြောင်း​ ​ပြောကြား​သွား​ခဲ့​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here