ရွန်နီနှင့်​ ဇာတ်လမ်း​များ​ထွက်​ပေါ်ခဲ့သည့်​ ပြည့်​တန်ဆာအမျိုး​သမီး​ ကံ​ကောင်း​၍ ​သေ​သေး​မှလွတ်

alt

ဝိန်း​ရွန်နီနှင့်​ ဇာတ်လမ်း​ရှုပ်ခဲ့​ကြောင်း​ သတင်း​ကြီး​ခဲ့​သည့်​ အမျိုး​သမီး​သည် အိမ်မီး​လောင်မှုနှင့်​ ကြံုခဲ့​ရပြီး​ ကံ​ကောင်း​ထောက်မစွာ အသက်​ဘေး​မှ လွတ်​မြောက်ခဲ့​ကြောင်း​ သိရသည်။

အသက် ၂၂ နှစ် အရွယ်ရှိ ပြည့်​တန်ဆာ အမျိုး​သမီး​ ဂျန်နီသွမ်မဆင်သည် သူမ၏အိမ် မီး​လောင်ခဲ့​သော်လည်း​ မီး​သတ်သမား​များ​က ကယ်တင်မှု​ကြောင့်​ လွတ်​မြောက်ခဲ့​သည်။ ဂရိတ်တား​ မန်ချက်စတာတွင် ​နေထိုင်​သော ဂျန်နီသွမ်မဆင်အား​ ​ဆေး​ဖက်ဆိုင်ရာ ဝန်ထမ်း​များ​က စစ်​ဆေး​ပြီး​နောက် ထိခိုက်အနာတရ မရှိဟု ​ကြေညာခဲ့​သည်။

သူမသည် ဖ​ယောင်း​တိုင်မှ မီး​စ​လောင်စဉ် အိပ်​ပျော်​နေခဲ့​သည်။ ဇွန်လ ၁၂ ရက်​နေ့​က မီး​ခိုး​များ​ ထွက်​ပေး​လာသည်ကို ​တွေ့​ရှိရပြီး​နောက် ရဲများ​က အလျင်အမြန် ​ရောက်ရှိလာကာ ဂျန်နီအား​ လာနှိုး​ခဲ့​ရသည်။ သူမအိမ်ထဲတွင် မီး​လောင်​နေသည်ကို ​တွေ့​ရှိပြီး​နောက် ငြှိမ်း​သတ်နိုင်ခဲ့​သည်။ ဂျန်နီသည် မီး​လောင်မှု မဖြစ်မီ နှစ်ရက်ကမှု မူး​ယစ်​ဆေး​ဝါး​ အလွန်အကျွံ သုံး​စွဲမှု​ကြောင့်​ ​ဆေး​ရုံတက်ခဲ့​ရ​သေး​သည်။

မီး​မ​လောင်မီ တစ်ရက်ကမှ သူမသည် ​နေအိမ်သို့​ ပြန်​ရောက်လာခြင်း​ဖြစ်သည်။ ဂျန်နီ၏ သူငယ်ချင်း​ တစ်ဦး​က ဂျန်နီသည် မန်ချက်စတာ မီး​သတ်တပ်ဖွဲ့​၏ လျင်မြန်စွာ တုန့်​ပြန်​ဆောင်ရွက်ပုံအတွက် ​ကျေး​ဇူး​တင်​နေ​ကြောင်း​ ​ပြောကြား​ခဲ့​သည်။

ပြီး​ခဲ့​သည့်​နှစ်က ဂျန်နီသည် မန်ချက်စတာ ယူနိုက်တက်နှင့်​ အင်္ဂလန် လက်​ရွေး​စင် ​ဘောလုံး​သမား​ ရွန်နီနှင့်​ ဇာတ်ရှုပ်ခဲ့​ကြောင်း​ ဖွင့်​ဟဝန်ခံခဲ့​ပြီး​နောက် ဗြိတိန်အတင်း​အဖျင်း​ သတင်း​ဂျာနယ်များ​၏ မျက်နှာဖုံး​အတွက် သည်း​ခြေကြိုက် သတင်း​တစ်ပုဒ် ဖန်တီး​ပေး​ခဲ့​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here