ပါပူအာ နယူးဂီနီတွင် ငလျင်လှုပ်ခတ်

alt

ပါပူအာ နယူးဂီနီတွင် ပြင်းအားအဆင့် ၆.၆ ရှိသော ငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း သိရသည်။

ဇွန်လ ၁၆ ရက်နေ့ နံနက်အစောပိုင်းက ပြင်းအားပြင်းသော ငလျင်သည် ကန်ဒရီယန်မြို့မှ အရှေ့ဖက် ၁၀၉ မိုင်အကွာ အနက် ၁၃.၄ မိုင်ကို ဗဟိုပြု လှုပ်ခတ်သွားကြောင်း အမေရိကန် ငလျင်တိုင်းတာရေး အေဂျင်စီက ပြောကြားခဲ့သည်။

ဟာဝိုင်ယီရှိ ပစိဖိတ် ဆူနာမီ သတိပေးရေး စင်တာက အခြေအနေကို စနစ်တကျ လေ့လာပြီးနောက် ဆူနာမီ ရေလှိုင်းသတိပေးချက် ထုတ်ပြန်ရန် မလိုအပ်ဟု ပြောကြားခဲ့သည်။ သို့သော်လည်း ၆၂ မိုင်ပတ်လည် ဒေသရှိ ကမ်းခြေများတွင် အသေးစား ရေလှိုင်းများ ရိုက်ခတ်နိုင်ကြောင်း သတိပေးချက်မူ ထုတ်ပြန်ပေးခဲ့သည်။

ပါပူအာ နယူးဂီနီတွင် ငလျင်ကြောင့် ထိခိုက်မှု အနည်းအကျဉ်း ရှိနိုင်ကြောင်း သတင်းများက ဖော်ပြခဲ့သော်လည်း ငလျင်ကြောင့် အသေအပျောက် စာရင်းမျိုး ထုတ်ပြန်ခဲ့ခြင်း မရှိဟု သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here