မဖွယ်မရာပုံများ​ အင်တာနက်​ပေါ်တင်သည့်​ ဗြိတိန်လူငယ်အား​ ​ထောင်ဒဏ် ၆ နှစ်ချမှတ်

alt

လိင်​သောင်း​ကျန်း​သူ တစ်ဦး​အဖြစ် သတ်မှတ်ခံရ​သော ဗြိတိန်လူငယ် တစ်ဦး​အား​ မိန်း​က​လေး​တစ်ဦး​၏ မဖွယ်မရာ ဓာတ်ပုံများ​ အင်တာနက်​ပေါ် တင်မှုဖြင့်​ ​ထောင်ဒဏ် ၆ နှစ် ချမှတ်လိုက်သည်။

အသက် ၂၁ နှစ်ရှိ ဘား​နက်​ဗော့​သည် အသက် ၁၆ နှစ်​အောက် မိန်း​က​လေး​ ၃ ဦး​ကို ပစ်မှတ်ထား​ ချဉ်း​ကပ်ခဲ့​သူဖြစ်သည်။ ထိုမိန်း​က​လေး​များ​အနက် တစ်ဦး​နှင့်​ လမ်း​ခွဲပြီး​နောက် သူမ၏ မဖွယ်မရာ ပုံများ​ကို Facebookမှတဆင့်​ လွှင့်​တင်ခဲ့​ခြင်း​ဖြစ်သည်။ ဘား​နက်သည် မိန်း​က​လေး​နှင့်​ ​တွေ့​ဆုံချိန်က သူမအသက် ၁၄ နှစ်သာ ရှိ​သေး​သည်။

၁၀ လမျှ တွဲခဲ့​ပြီး​နောက် ယင်း​တို့​နှစ်ဦး​သည် မိတ်​ဆွေဘဝမှ လိင်ဆက်ဆံဖက်များ​ ဖြစ်လာခဲ့​သည်။ မိန်း​က​လေး​ အသက် ၁၅ နှစ်ပြည့်​ပြီး​ချိန်တွင် ဘား​နက်က မိမိသည် အသက် ၁၅ နှစ်အရွယ် မိန်း​က​လေး​ တစ်ဦး​နှင့်​ လိင်ဆက်ဆံခွင့်​ ရခဲ့​ခြင်း​အ​ပေါ် မယုံနိုင်​အောင် ဖြစ်မိ​ကြောင်း​ပင် Message​ပေး​ပို့​ခဲ့​သေး​ကြောင်း​ သိရသည်။

သူမ၏ ဓာတ်ပုံများ​ကို အင်တာနက်​ပေါ် တင်ခဲ့​မှုနှင့်​ ပတ်သက်ပြီး​နောက် ရဲများ​က ဘား​နက်အား​ ဖမ်း​ဆီး​ကာ လီး​ဝစ်ခ​ရောင်း​ တရား​ရုံး​တွင် ရုး​့​တင်စစ်​ဆေး​ခဲ့​သည်။ တရား​သူကြီး​က အမှုကို ကြား​နာပြီး​နောက် ဘား​နက်တွင် အပြစ်ရှိ​ကြောင်း​ သတ်မှတ်ကာ ယခုကဲ့​သို့​ ​ထောင်ဒဏ်ချမှတ်လိုက်ခြင်း​ဖြစ်သည်။

ရဲများ​၏ အဆိုအရ ဘား​နက်သည် အသက်မပြည့်​သေး​သော မိန်း​က​လေး​ထံ လိင်နှင့်​ပတ်သက်သည့်​ ညစ်ညမ်း​Message​ပေါင်း​ ၁၀၀ ​ကျော် ​ပေး​ပို့​ထား​ကြောင်း​လည်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here