နစ်ကိုတင်း​ဓာတ်ဖြင့်​ အဝလွန်မှုတိုက်ဖျက်​ရေး​နည်း​လမ်း​ သိပ္ပံပညာရှင်များ​ ​တွေ့​ရှိ

alt

သိပ္ပံပညာရှင်များ​က နစ်ကိုတင်း​ဓာတ် ဖြည့်​သွင်း​ပေး​ခြင်း​ဖြင့်​ အဝလွန်မှုကို တိုက်ဖျက်နိုင်သည့်​ နည်း​လမ်း​တစ်ခုအား​ သု​တေသနပြု ​တွေ့​ရှိခဲ့​သည်။

ဆေး​လိပ်​သောက်သူများ​၏ ဦး​နှောက်အတွင်း​ အစာစား​ချင်စိတ်ကို ဖြစ်​ပေါ်​စေသည့်​ အာရုံ​ကြော လှံု့​ဆော်မှုအချို့​ လုပ်ငန်း​ပျက်ကွက်​နေခြင်း​ကို ​တွေ့​ရှိခဲ့​ပြီး​နောက် ယင်း​ကို အ​ခြေခံ ​လေ့​လာကာ ယခုသု​တေသန ရလဒ်အတွက် အ​ဖြေထွက်လာခြင်း​ဖြစ်သည်။ ​ယေး​လ်တက္ကသိုလ်မှ ပညာရှင်များ​သည် ကြွက်များ​တွင် အသုံး​ပြု စမ်း​သပ်ခဲ့​ရာ နီကိုတင်း​ဓာတ်သည် အစာစား​ချင်စိတ်ကို ​လျော့​နည်း​စေပြီး​ ကိုယ်အ​လေး​ချိန်ကို ​လျော့​နည်း​စေ​ကြောင်း​ ​ဖော်ထုတ်နိုင်ခဲ့​သည်။

ပညာရှင်များ​က နီကိုတင်း​ဓာတ်သည် ဗဟိုအာရုံ​ကြော စနစ်ကို သက်​ရောက်​စေပြီး​ အစာစား​ချင်စိတ်ကို တား​ဆီး​သည့်​ လှံု့​ဆော်မှုမျိုး​ ဖြစ်​ပေါ်​စေနိုင်​ကြောင်း​ အတည်ပြုခဲ့​သည်။ ယခုသု​တေသန လုပ်ငန်း​ကို ဦး​ဆောင်သူ တစ်ဦး​ဖြစ်သည့်​ မာရီနာ ပစ်ဆီ​ယော့​တိုက ယခုသု​တေသန ရလဒ်သည် ​ဆေး​ပညာဆိုင်ရာ ​တွေ့​ရှိမှုများ​အတွက် အကျိုး​ဖြစ်ထွန်း​ကြောင်း​ ​ပြောကြား​ခဲ့​သည်။

နီကိုတင်း​ဓာတ်၏ ဦး​နှောက်သို့​ သက်​ရောက်မှုကို ​ဖော်ထုတ်နိုင်ခဲ့​သလို အဝလွန်ခြင်း​အတွက် အဟန့်​အတား​ ဖြစ်​စေနိုင်​သော နည်း​လမ်း​တစ်ခုအတွက်လည်း​ အစပျိုး​နိုင်ခဲ့​ကြောင်း​ ၎င်းက ရှင်း​ပြခဲ့​သည်။ ပ​ရော်ဖက်ဆာ မာရီနာက နီကိုတင်း​ကို အ​ခြေခံပြီး​ ​ဆေး​ဝါး​များ​ ထုတ်လုပ်ရန်မှာမူ ဦး​နှောက်သို့​ ​ဘေး​ထွက်အာနိသင်များ​ သက်​ရောက်နိုင်သည့်​အတွက် အကန့်​အသတ် စံညွှန်း​များ​ လိုအပ်​ကြောင်း​ သုံး​သပ်ခဲ့​သည်။

နီကိုတင်း​သည် ထိ​ရောက်​သော ပိန်​ဆေး​တစ်မျိုး​ ဖြစ်နိုင်​သော်လည်း​ အမှန်တကယ် ​ရေရှည်သုံး​စွဲရန်မှာမူ ပိုမိုအ​သေး​စိတ်ကျသည့်​ သု​တေသနပြုမှုများ​ လိုအပ်မည်ဖြစ်​ကြောင်း​ ​ပြောကြား​သွား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here