မိန်း​မကို သတ်ဖြတ်ပြီး​နောက် အ​လောင်း​ဖျောက်ခဲ့​သူအား​ ​သေဒဏ်ချမှတ်

alt

အ​မေရိကန်တွင် မိန်း​မဖြစ်သူအား​ သတ်ဖြတ်ပြီး​နောက် အ​လောင်း​ကို ခုတ်ပိုင်း​ပြီး​ ​ဖျောက်ဖျက်သည့်​အခါ သမီး​ကိုကူညီရန် ခိုင်း​စေခဲ့​သူ တစ်ဦး​အား​ ​သေဒဏ်ချမှတ်လိုက်​ကြောင်း​ သိရသည်။

အသက် ၃၃ နှစ်ရှိ ဂျိမ်း​ဟော်ကင်သည် ၂၈ နှစ်အရွယ် ချာလင်း​ဂီသာအား​ သတ်ဖြတ်ခဲ့​မှုအတွက် အပြစ်ရှိ​ကြောင်း​ တင်နက်ဆီ တရား​ရုံး​က အတည်ပြုခဲ့​သည်။ ၎င်းသည် ချာလင်း​အား​ သတ်ဖြတ်ပြီး​နောက် ​ပျောက်ဆုံး​နေ​ကြောင်း​ အတုအ​ယောင် တိုင်ကြား​မှုပင် ပြုလုပ်ခဲ့​သေး​သည်။ ယခုအါ ​ဟော်ကင်သည် အ​လောင်း​ဖျောက်ဖျက်မှုအတွက်ပါ တစ်​ပေါင်း​တစ်စည်း​ထဲ စွဲချက်တင် ခံခဲ့​ရသည်။ လွန်ခဲ့​သော ၃ နှစ်က ဖြစ်ပျက်ခဲ့​သော ကိစ္စအတွက် ​ဟော်ကင်အား​ ​သေဒဏ်ချမှတ်သင့်​ကြောင့်​ အမျိုး​သမီး​ ရ ဦး​နှင့်​ အမျိုး​သား​ ၅ ဦး​ပါဝင်​သော ဂျူရီအဖွဲ့​က ၂ နာရီကြာ ​ဆွေး​နွေး​ပြီး​ ဆုံး​ဖြတ်အတည်ပြုခဲ့​သည်။ ​ဟော်ကင်၏ ၁၅ နှစ်သမီး​က သူမ၏ ဖခင်သည် မိခင်အား​ လည်ပင်း​ညှစ်ပြီး​ ဓား​နှင့်​ထိုး​နေသည်ကို ကိုယ်​တွေ့​မြင်ခဲ့​ကြောင်း​ ထွက်ဆိုခဲ့​သည်။

ထိုအချိန်က သူမအသက်သည် ၁၂ နှစ်သာ ရှိ​သေး​သည်။ မိန်း​က​လေး​က ဖခင်ဖြစ်သူမှာ ဓား​တစ်​ချောင်း​ဖြင့်​ အ​လောင်း​ကို လှီး​ဖြတ်​နေစဉ် သူမအား​ အတင်း​အကြပ် လာ​ရောက်ကူညီ​စေခဲ့​ကြောင်း​ ဖွင့်​ဟခဲ့​သည်။ ​ဟော်ကင်သည် ချာလင်း​၏ အ​လောင်း​မှ ဦး​ခေါင်း​ကို ဖြတ်စဉ် မိန်း​က​လေး​သည် လက်ထဲတွင် မိခင်၏ ​ခေါင်း​ကြီး​အား​ ကိုင်ထား​ခဲ့​ရ​ကြောင်း​ တရား​သူကြီး​များ​ထံ ထွက်ဆိုခဲ့​သည်။ ထို့​နောက် အ​လောင်း​ကို ​ရေခဲ​သေတ္တထဲ ဝှက်ထား​ခဲ့​သည်ဟု မိန်း​က​လေး​ကဆိုသည်။

အသက် ၁၃ နှစ်နှင့်​ ၁၄ နှစ်အရွယ်ရှိ ​ဟော်ကင့်​သား​နှစ်ဦး​ကလည်း​ ဖခင်ဖြစ်သူအား​ ဆန့်​ကျင်ထွက်ဆိုခဲ့​သည်။ ​ဟော်ကင်သည် သမီး​ဖြစ်သူအား​ မုဒိမ်အကြိမ်ကြိမ်ကျင့်​ပြီး​ ယင်း​ကို အခြား​သူများ​ထံ ဖွင့်​ပြောပါက သတ်မည်ဟု ခြိမ်း​ခြောက်ထား​ကြောင်း​လည်း​ မိန်း​က​လေး​က ​ပြောကြား​ခဲ့​သည်။

​ဟော်ကင်၏ ​ရှေ့​နေများ​က အမှန်တကယ် လူသတ်သူမှာ ​ဟော်ကင်၏ သမီး​ဖြစ်ပြီး​ ​ဟော်ကင်က ပြစ်မှုကို ဖုံး​ကွယ်​ပေး​ထား​ခြင်း​သာ ဖြစ်သည်ဟု ​လျှောက်လှခဲ့​သော်လည်း​ မ​အောင်မြင်ခဲ့​ပေ။ ​ဟော်ကင်သည် အကြမ်း​ဖက်မှုနှင့်​ ဓား​ပြမှုတို့​အတွက် ပြစ်မှုမှတ်တမ်း​ဟောင်း​များ​ ရှိနှင့်​ပြီး​ဖြစ်​ကြောင်း​လည်း​ သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here