နိုင်ငံအတွင်း​ အ​မေရိကန်တပ်များ​ ဆက်လက်တပ်စွဲထား​ရေး​ အီရတ်​တောင်း​ဆိုဖွယ်ရှိ

alt

အီရတ်အ​နေနှင့်​ ၂၀၁၁ ခုနှစ် လွန်​မြောက်သည့်​တိုင် အ​မေရိကန် စစ်တပ်များ​ နိုင်ငံအတွင်း​ ဆက်လက်တပ်စွဲထား​ရေး​ ​တောင်း​ဆိုဖွယ် ရှိ​နေကြာင်း​ သိရသည်။

အ​မေရိကန် ​ထောက်လှမ်း​ရေး​ CIAက အီရတ်အ​နေနှင့်​ အ​မေရိကန်အား​ စစ်​ရေး​အရ အကူအညီ​တောင်း​မှု ပြုလုပ်လာနိုင်​သော အလား​အလာများ​ ရှိ​နေကြာင်း​ အရိပ်အမြွက် ​ပြောကြား​ခဲ့​သည်။ CIA ဒါရိုက်တာ လီယွန်ပါနက်တာက အ​မေရိကန် လွှတ်​တော်အမတ်များ​သည် အီရတ်အစိုး​ရ၏ ​တောင်း​ဆိုလာမှုအတွက် စဉ်း​စား​ပေး​ရမည့်​ အ​ခြေအ​နေမျိုး​ ရှိ​နေ​ကြောင်း​ ​ပြောဆိုခဲ့​သည်။ အ​မေရိကန်သည် အီရတ်တွင် လက်ရှိအချိန်အတွင်း​ စစ်သည် ၄၇၀၀၀ ​ကျော် တပ်စွဲထား​စေခဲ့​သော်လည်း​ တိုက်ခိုက်​ရေး​ ကဏ္ဍအတွက် မဟုတ်​ပေ။

၂၀၀၈ ခုနှစ်က သ​ဘောတူညီချက်အရ အ​မေရိကန်စစ်သည် အား​လုံး​တို့​သည် ၂၀၁၁ ခုနှစ်၊​ ဒီဇင်ဘာ ၃၁ ရက်​နေ့​တွင် အီရတ်မှ အပြီး​အပိုင် ထွက်ခွာရမည်ဖြစ်သည်။ ပါနက်တာက အီရတ်အစိုး​ရအ​နေနှင့်​ နိုင်ငံလုံခြံု​ရေး​အတွက် အ​မေရိကန် စစ်တပ်အချို့​ ဆက်လက်တပ်စွဲရန် ​တောင်း​ဆိုမှု ပြုလုပ်လာပါက ဝါရှင်တန်အ​နေနှင့်​ အ​လေး​ထား​ ချဉ်း​ကပ်ရန် လိုအပ်​ကြောင်း​ မှတ်ချက်ပြုခဲ့​သည်။

အ​မေရိကန် ကာကွယ်​ရေး​ဝန်ကြီး​ ​ရောဘတ်ဂိတ်က အီရတ်အစိုး​ရက လိုအပ်လျင် အ​မေရိကန် စစ်တပ်များ​ ဆက်လက်တပ်စွဲထား​ရေး​ စဉ်း​စား​မည်ဟု ယခင်က ​ပြောဆိုခဲ့​ဖူး​သည်။ ဂိတ်က ဧပြီလအတွင်း​ ထိုသို့​ ​ပြောဆိုခဲ့​သလို ဘဂ္ဂဒက်ရှိ အီရတ်အစိုး​ရအ​နေနှင့်​ အဆိုပါ ​တောင်း​ဆိုမှုမျိုး​ ပြုလုပ်လာရန် ​မျှော်လင့်​မိ​ကြောင်း​လည်း​ ဖွင့်​ဟ​ပြောကြား​ထား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here