ဘရစ်တနီစပီး​ယား​ လက်ထပ်မည်ဟု သတင်း​များ​ထွက်​ပေါ်

alt

Popဂီတ အဆို​တော် ဘရစ်တနီ စပီး​ယား​တစ်​ယောက် တတိယအကြိမ် လက်ထပ်ရန် စီစဉ်​နေ​ကြောင်း​ သတင်း​များ​ ထွက်​ပေါ်လာခဲ့​သည်။

အသက် ၂၉ နှစ်ရှိ ဘရစ်တနီသည် သူမနှင့်​ ကာလရှည်ကြာစွာ တွဲ​နေ​သောချစ်သူ ​ဂျေဆန်ထရာဝစ်နှင့်​ တိတ်တဆိတ် ​စေ့​စပ်​ကြောင်း​လမ်း​လိုက်​ကြောင်း​ သတင်း​များ​က ​ဖော်ပြခဲ့​သည်။ ဘရစ်တနီထက် ၁၀ နှစ် အသက်ပိုကြီး​သော ​ဂျေဆန်သည် သူမအား​ အချစ်ကဗျာတစ်ပုဒ် ကိုယ်တိုင်​ရေး​ဖွဲ့​ကာ လက်ထပ်ခွင့်​ ​တောင်း​ခံခဲ့​ခြင်း​ဟု နီး​စပ်သူများ​ကဆိုသည်။

Toxicစတား​ အဆို​တော်မ​လေး​၏ လက်တွင် ပန်း​ပွင့်​ပုံ စိန်လက်စွပ်ကိုပင် ဝတ်ဆင်ထား​ပြီး​ပြီဟုလည်း​ သတင်း​များ​ ထွက်​ပေါ်​နေသည်။ ဘရစ်တနီနှင့်​ နီး​စပ်သူ အချို့​တို့​က ဘရစ်တနီတို့​ စုံတွဲသည် ဟာဝိုင်အီတွင် အကျဉ်း​ရုံး​ လက်ထပ်ရန် စီစဉ်ထား​ကြောင်း​ ​ပြောကြား​ခဲ့​သည်။

ဘရစ်တနီသည် ​ဂျေဆန်နှင့်​ လက်မထပ်မီ က​လေး​ယူရန် အစီအစဉ် မရှိ​သေး​ဟုလည်း​ သူမ၏ မိတ်​ဆွေများ​က ​ပြောဆိုသွား​သည်။ ဘရစ်တနီသည် ကီဗင်ဖီဒါလိုင်း​နှင့်​ ၂၀၀၄ မှ ၂၀၀၆ ခုနှစ်ထိ ​ပေါင်း​သင်း​ခဲ့​ပြီး​ သား​လေး​နှစ်ဦး​ ရရှိထား​သည်။ သူမသည် ​ဂျေဆန်အလက်ဇန်း​ဒါး​နှင့်​ ပထမအိမ်​ထောင် ပြုခဲ့​စဉ်က အိမ်​ထောင်သက်မှာ ၅၅ နာရီသာ ခံခဲ့​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here