သီချင်း​ဆိုရင်း​ စာသား​မေ့​သွား​သည့်​ Will.I.Am

alt

သီချင်း​ဆို​နေရင်း​ စာသား​မေ့​သွား​သဖြင့်​ Will.I.Amတစ်​ယောက် ဒုက္ခ​ရောက်ခဲ့​ကြောင်း​ သိရသည်။

Black Eyed Peas အဖွဲ့​မှ အဆို​တော်သည် ၎င်း၏ ကိုယ်ပိုင်သီချင်း​ဖြစ်​သော Don’t Stop the Partyကို သီဆို​နေရင်း​ စာသား​မေ့​သွား​ခြင်း​ဖြစ်သည်။ ပြင်သစ် ရုပ်မြင်သံကြား​ အစီအစဉ် Taratataအတွက် ​ဖျော်​ဖြေ​ပေး​နေစဉ် အဆိုပါ ရယ်ရွှယ်ဖွယ် အဖြစ်နှင့်​ ကြံုခဲ့​ရခြင်း​ဖြစ်သည်။

ယင်း​ဖြစ်ရပ်​ကြောင့်​ တစ်ဖွဲ့​လုံး​ Will.I.Amအား​ ရယ်ပွဲဖွဲ့​ခဲ့​ကြသည်။ Will.I.Amသည် ထိုသီချင်း​အတွက် ဘယ်ဂျီယန် အဆို​တော်၊​ သီချင်း​ရေး​ဆရာ စထရို​မေကိုလည်း​ ဖိတ်​ခေါ်ခဲ့​သေး​သည်။ Black Eyed Peasသည် ၎င်းတို့​၏ ဆဌမ​မြောက် အယ်ဘမ်ဖြစ်သည့်​ The Beginningကို ပြီး​ခဲ့​သောနှစ်က ထုတ်​ဝေခဲ့​သည်။

Will.I.Am ကိုယ်တိုင်ပင် ​ရေး​သား​ခဲ့​သော Don’t Stop the Partyသီချင်း​ကိုမူ ​မေလ ၁၀ ရက်​နေ့​က စတင်မိတ်ဆက်

ဖြန့်​ချီခဲ့​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here