အစုလိုက်​အပြံုလိုက်​မြှုပ်နှံထား​သော အ​လောင်း​​များ​ဗီဒီယို​အ​ပေါ် ဆီး​ရီး​​စစ်တပ် တုန့်​ပြန်​ပြောကြား

alt

ဆီး​ရီး​ယား​ စစ်တပ်က လူ​သေအ​လောင်း​များ​ အစုလိုက် အပြံုလိုက် မြှုပ်နှံ​နေ​သော ဗီဒီယိုနှင့်​ ပတ်သက်ပြီး​ ထိုအ​လောင်း​များ​သည် အစိုး​ရ ဆန့်​ကျင်​ရေး​ သူပုန်များ​က ပစ်သတ်ခဲ့​သည့်​ စစ်သား​များ​ဖြစ်​ကြောင်း​ ​ပြောကြား​လိုက်သည်။

ဆီး​ရီး​ယား​ ရုပ်မြင်သံကြား​ ဌာနများ​က စစ်တပ်၏ ပြန်လည်သိမ်း​ယူမှု​အောက် ​ရောက်ရှိခဲ့​သည့်​ ဂျီဆာအယ်ရှန်​ဟောမြို့​အတွင်း​ အ​လောင်း​များ​ကို မြှုပ်နှံ​နေသည့်​ ဗီဒီယိုများ​ကို ပြသခဲ့​သည်။ သမ္မတ ဘာရှာအယ် အာဆက်၏ အစ်ကိုဖြစ်သူ မာဟာဦး​ဆောင်​သော တပ်များ​သည် အစိုး​ရဆန့်​ကျင်​ရေး​ ဆန္ဒပြသူများ​ သိမ်း​ပိုက်ထား​သော အဆိုပါမြို့​ကို ပြင်း​ပြင်း​ထန်ထန် တိုက်ခိုက်ပြီး​နောက် ပြန်လည်ထိန်း​သိမ်း​နိုင်ခဲ့​သည်။

ဆီး​ရီး​ယား​ စစ်တပ်၏ လုပ်​ဆောင်မှုများ​သည် အလွန်အညှာအတာ ကင်း​မဲ့​ကြောင်း​ ​ဝေဖန်မှုများ​ ထွက်​ပေါ်​နေချိန်တွင် ဆီး​ရီး​ယား​ တပ်ဖွဲ့​က ၎င်းတို့​၏ စစ်သား​များ​ ​သေဆုံး​ကြောင်း​ တုန့်​ပြန်​ကြေညာခဲ့​ခြင်း​ဖြစ်သည်။ ဗီဒီယို ပုံရိပ်များ​တွင် စစ်သား​များ​သည် ယူနီ​ဖောင်း​ဝတ်ထား​သူ ၁၀ ဦး​မျှကို မြှုပ်နှံသဂြင်္ိုဟ်​နေ​ကြောင်း​ ​တွေ့​ရှိခဲ့​ရသည်။ ဆီး​ရီး​ယား​တွင် အစိုး​ရ ဆန့်​ကျင်​ရေး​ ဆန္ဒပြသူများ​နှင့်​ စစ်တပ်ကြား​ အပြန်အလှန် ​သွေး​ချောင်း​စီး​ တိုက်ပွဲများ​ ဆင်နွှဲ​နေပြီး​နောက် လူ​ပေါင်း​ ၅၀၀၀ ​ကျော်မျှ အိမ်နီး​ချင်း​ တူရကီနိုင်ငံသို့​ ထွက်​ပြေး​ခိုလှံုခဲ့​ရသည်။

ထိုအ​ခြေအ​နေသည် တူရကီနှင့်​ ဆီး​ရီး​ယား​ အစိုး​ရများ​ကြား​ တင်း​မာမှုများ​ကို ဖြစ်​ပေါ်​စေသည်။ အခြား​သော သတင်း​များ​အရ ဇွန်လ ၁၃ ရက်​နေ့​က ဆီး​ရီး​ယား​ အစိုး​ရ ဆန့်​ကျင်သူများ​ကို လိုလား​သူများ​က ဒမတ်စကက်ရှိ တူရကီသံရုံး​ကို တိုက်ခိုက်ခဲ့​မှု​ကြောင့်​ အ​ခြေအ​နေ ပိုမိုရှုပ်​ထွေး​လျက်ရှိ​ကြောင်း​ သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here