မုဒိမ်း​ကျင့်​နေရင်း​ ​သေဆုံး​သွား​သည့်​ မုဒိမ်း​သမား​

alt

အ​မေရိကန်နိုင်ငံ တက္ကဆက်တွင် က​လေး​သူငယ် မုဒိမ်း​သမား​အဖြစ် စွပ်စွဲခံထား​ရသူ တစ်ဦး​သည် အမျိုး​သမီး​ကြီး​ တစ်ဦး​အား​ မုဒိမ်း​ကျင့်​နေရင်း​ ​သေဆုံး​သွား​ကြောင်း​ သိရသည်။

အသက် ရ၇ နှစ်အရွယ် အမျိုး​သမီး​ကြီး​ တစ်ဦး​ကို သူမ၏အိမ်တွင် ဓား​ထောက်၍ မုဒိမ်း​ကျင့်​နေရင်း​ အစ်ဇဘဲ ချာဗီလို ဂူတီရက်မှာ ​သေဆုံး​သွား​ခြင်း​ဖြစ်သည်။ ၎င်း၏ ​နေအိမ်မှ ၂ မိုင်မျှ အကွာရှိ အိမ်သို့​ ​ဖောက်ထွင်း​ကာ အမျိုး​သမီး​ကြီး​ကို မုဒိမ်း​ကျင့်​ခဲ့​ခြင်း​ဖြစ်သည်။ ဓား​ထောက်ကာ လိင်ဆက်ဆံ​နေရင်း​ ၎င်းသည် ​နေထိုင်မ​ကောင်း​ ဖြစ်လာ​ကြောင်း​ ဂူတီရက်က ​ပြောကြား​ကာ အနား​ယူ​နေခဲ့​သည်။ ထို့​နောက် ဒယိမ်း​ဒယိုင် ထရပ်ရင်း​ လဲကျသွား​ခြင်း​ဟု ရဲတပ်ဖွဲ့​မှ တပ်ကြပ်ဂယ်ရီရိုက်က ​ပြောကြား​ခဲ့​သည်။

ဇွန်လဆန်း​က ဖြစ်ပျက်ခဲ့​သော ကိစ္စအတွက် ရင်ခွဲစစ်​ဆေး​ပြီး​နောက် ဂူတီရက်သည် နှလုံး​ဖောက်ပြန် ​သေဆုံး​ခြင်း​ဟု ရဲများ​က ​ပြောကြား​ခဲ့​သည်။ ၎င်း၏ သား​ကောင်ဖြစ်ခဲ့​သော အမျိုး​သမီး​ကြီး​က ဂူတီရက်ထံမှ အရက်နံ့​ ရခဲ့​ကြောင်း​လည်း​ ​ပြောဆိုခဲ့​သည်။ ဂူတီရက် လဲကျ​မေ့​မြော​နေစဉ် အမျိုး​သမီး​ကြီး​သည် သမီး​ဖြစ်သူထံ ကား​မောင်း​သွား​ကာ ထိုမှတဆင့်​ သက်ဆိုင်ရာသို့​ တိုင်ကြား​ခဲ့​သည်။

သို့​သော် ရဲများ​ရောက်လာချိန်တွင် မုဒိမ်း​သမား​မှာ အသက်​ပျောက်​နေပြီဖြစ်သည်။ ဂူတီရက်သည် အသက် ရ နှစ်အရွယ် က​လေး​ငယ် တစ်ဦး​ကို မ​တော်မတရား​ ကျင့်​ကြံမှုဖြင့်​ ၂၀၀၈ ခုနှစ်ကလည်း​ တရား​စွဲခံခဲ့​ရဖူး​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here