ကမ္ဘာ့​အ​သေး​ဆုံး​ လူပုဂ္ဂိုလ်အဖြစ် ဖိလစ်ပိုင်နိုင်ငံသား​ ဂင်း​နစ်စံချိန်တင်

alt

ဂင်း​နစ်မှတ်တမ်း​ အဖွဲ့​က ဖိလစ်ပိုင် နိုင်ငံသား​လေး​ တစ်ဦး​အား​ ကမ္ဘာ့​အ​သေး​ငယ်ဆုံး​ လူပုဂ္ဂိုလ်အဖြစ် အတည်ပြု ​ဖော်ပြလိုက်သည်။

ဆင်း​ရဲနွမ်း​ပါး​သည့်​ ဖိလစ်ပိုင် ​သော့​ပြင်သမား​ တစ်ဦး​၏ သား​ဖြစ်​သော ဂျူနရီဘာလာဝင်သည် ဇွန်လ ၁၂ ရက်​နေ့​တွင် အသက် ၁၈ နှစ် ပြည့်​မြောက်ခဲ့​ပြီး​နောက် ဂင်း​နစ်မှတ်တမ်း​အတွက် တရား​ဝင် အ​သေး​ငယ်ဆုံး​ လူသား​အဖြစ် အသိအမှတ်ပြု ​ဖော်ပြခံခဲ့​ရသည်။

စင်တီမီတာ ၆၀ သာ အရပ်မြင့်​သော ဂျူနရီသည် နီ​ပေါသား​ ခါဂျန်ဒရာ သာပါမာဂါ၏ ၆၇ စင်တီမီတာ စံချိန်ကို ​ကျော်လွန်ပြီး​ အ​သေး​ကွေး​ဆုံး​လူသား​ ဖြစ်လာခြင်း​ဖြစ်သည်။ ဖိလစ်ပိုင်​တောင်ပိုင်း​ ဆင်ဒန်ဂန်တွင် ​နေထိုင်​သော ဂျူနရီ၏ မိဘများ​သည် သား​ဖြစ်သူအား​ စား​ပွဲ​သောက်ပွဲတစ်ခု၊​ ကိတ်မုန့်​တစ်လုံး​၊​ ပူစီ​ဖောင်း​များ​အပြင် ​ငွေသား​ပါ ​ပေး​အပ်ပြီး​ ​မွေး​နေ့​ပွဲ ဆင်နွှဲ​ပေး​ခဲ့​သည်။

​မွေး​နေ့​နှင့်​အတူ ဂင်း​နစ်မှတ်တမ်း​တွင်ပါ တရား​ဝင် ​ဖော်ပြခံခဲ့​ရသည့်​ ဂျူနရီက လာ​ရောက်အား​ပေး​သူများ​ကို ​ကျေး​ဇူး​တင်စကား​ ​ပြောကြား​ခဲ့​သလို အမှတ်တရ ဓာတ်ပုံလည်း​ အရိုက်ခံခဲ့​ကြောင်း​ သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here