အလုပ်ခွင်သို့​ Iron Man ဝတ်စုံဖြင့်​လာ​ရောက်သည့်​ တရုတ်အလုပ်သမား​

alt

တရုတ်နိုင်ငံမှ ဆက်သွယ်​ရေး​ဆိုင်ရာ အလုပ်သမား​ တစ်ဦး​သည် အလုပ်ခွင်ကို Iron Manဝတ်စုံဖြင့်​ ​ရောက်ရှိလာပြီး​နောက် ၎င်း၏ ဓာတ်ပုံမှာ အင်တာနက်တွင် ​ရေပန်း​စား​လျက်ရှိသည်။

ဝမ်ကန်း​သည် စက်ရုပ်လူသား​ ဝတ်စုံကြီး​ဖြင့်​ ရှန်ဟိုင်း​ရှိ ရုံး​ခန်း​သို့​ ​ရောက်လာရာ လုပ်​ဖော်ကိုင်ဖက်များ​ မျက်လုံး​ပြူး​ခဲ့​ရသည်။ အများ​စုက ၎င်းကို မမှတ်မိဘဲ ဖြစ်​နေခဲ့​ပြီး​ ဝမ်မှန်း​သိချိန်တွင် အလွန်သ​ဘောကျခဲ့​ကြသည်။

အချို့​က ထိတ်လန့်​ကြောက်ရွံ့​ကုန်​ကြောင်း​ ဝမ်က ရယ်ရယ်​မော​မောနှင့်​ဆိုသည်။ ဝမ်သည် ၂၀၀၈ ခုနှစ်က ​ရောဘတ်​ဒေါင်နီ ဂျူနီယာ ပါဝင်သရုပ်​ဆောင်သည့်​ Iron Man ဇာတ်ကား​ကို ကြည့်​ရှုပြီး​နောက် ထိုကဲ့​သို့​ စက်ရုပ်လူသား​ ဝတ်စုံတစ်ခု ဖန်တီး​ရန် စိတ်ကူး​မိခဲ့​သည်။

​ဒေါ်လာ ၄၅၀ မျှ အကုန်အကျခံ တီထွင်လာ​သော ဝတ်စုံကို ၎င်း၏အထက်လူကြီး​များ​က သ​ဘောကျ​သော်လည်း​ အမျိုး​သမီး​ အများ​စုက မနှစ်သက်ဟုဆိုသည်။ အ​တော်များ​များ​က မိမိအား​ ဖန်တီး​မှု​ကောင်း​သည်ဟု ချီး​ကျူး​ကြောင်း​ ဝမ်က ​ပြောကြား​ခဲ့​သည်။

ဝမ်က ၎င်း၏ ဝတ်စုံကို MK1ဟု အမည်​ပေး​ထား​ပြီး​ ကီလိုဂရမ် ၅၀ ထိ အ​လေး​ချိန်ရှိ​သော ဝတ်စုံအစား​ ပိုမို​ပေါ့​ပါး​ပြီး​ ဝတ်ဆင်ရန် လွယ်ကူသည့်​ MK2ကို ဖန်တီး​မည်ဟုဆိုသည်။ MK1ကို ဝတ်ဆင်ရန် ဝမ်အ​နေနှင့်​ ၁၀ မိနစ်မျှ အချိန်ယူရ​ကြောင်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here