ကမ္ဘာ့​အပူအစပ်ဆုံး​ ငရုပ်သီး​ ထိုင်ဝမ်လယ်သမား​ စိုက်ပျိုး​ထား​

alt

ထိုင်ဝမ်ရှိ လယ်သမား​ တစ်ဦး​သည် ကမ္ဘာ​ပေါ်တွင် အပူအစပ်ဆုံး​ ငရုတ်သီး​ကို စိုက်ပျိုး​ထား​ကြောင်း​ သိရသည်။

ပြီး​ခဲ့​သည့်​ ၂ လခန့်​က ဩစ​တြေး​လျ နိုင်ငံသား​ တစ်ဦး​က ၎င်း၏ ငရုတ်သီး​မှာ ကမ္ဘာ​ပေါ်တွင် အပူဆုံး​ဖြစ်သည်ဟု ​ကြွေး​ကြော်ထား​သော်လည်း​ ယခုအခါ ထိုင်ဝမ်မှ ယာဝူရှန်က မိမိ၏ ငရုတ်သီး​မှာ အပူအစပ်ယူနစ် Scoville ၁.၅ သန်း​ကျော် ရှိ​နေခြင်း​ကြောင့်​ ကမ္ဘာ​ပေါ်တွင် အပူဆုံး​ဖြစ်​ကြောင်း​ အခိုင်အမာ ​ပြောဆိုလိုက်သည်။ ဩစ​တြေး​လျမှာ မာကယ်ဒီဝစ်၏ ငရုတ်သီး​မှာ အပူအစပ်ယူနစ် Scoville ၁.၄၆ သန်း​ကျော်သာ ရှိ​နေသည်။

ဝူရှန်က ၎င်း၏ ငရုတ်သီး​ အပူအစပ် ယူနစ်ကို အတည်ပြု သက်​သေပြရန် နယူး​မက္ကစီကိုရှိ အစိုး​ရ တက္ကသိုလ် ဓာတ်ခွဲခန်း​သို့​ ပို့​ဆောင်ရန် စီစဉ်​နေ​ကြောင်း​ ​ပြောကြား​ထား​သည်။ ထိုင်ဝမ်အ​ရှေ့​မြောက်ပိုင်း​ အီလန်တွင် ​နေထိုင်​သော လယ်သမား​က ၎င်း၏ ငရုတ်သီး​ကို စား​ဖူး​သူသည် ကမ္ဘာ​ပေါ်တွင် အစပ်ဆုံး​ အရသာကို သိရှိသွား​မည်ဖြစ်ပြီး​ အမှန်တကယ် စား​နိုင်သူကို ၎င်း၏ ​ရှေး​ဟောင်း​ Jaguarကား​အား​ လက်​ဆောင်အဖြစ်ပင် ​ပေး​လိုက်ဦး​မည်ဟု စိန်​ခေါ်လိုက်သည်။

အသက် ၄၆ နှစ်ရှိ ဝူရှန်သည် ငရုတ်မျိုး​စိတ် ၁၅၀ မျှကို စိုက်ပျိုး​ထား​ပြီး​ ငရုတ်သီး​ အချဉ်​ရေနှင့်​ ငရုတ်​စေ့​များ​၊​ ငရုတ်ပင်များ​ကို တင်ပို့​ရောင်း​ချ​နေသူဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here