ပြင်သစ်မီဒီယာ​လုပ်ငန်း​များ​တွင် Social Networking ဝက်ဘ်ဆိုက်​များ​ကို ရည်ညွန်း​​ဖော်ပြမှုပိတ်ပင်

alt

ပြင်သစ်နိုင်ငံတွင် မီဒီယာ လုပ်ငန်း​များ​အတွင်း​ Facebookနှင့်​ Twitterတို့​ကဲ့​သို့​ Social Networking ဝက်ဆိုက်များ​ကို ရည်ညွှန်း​သုံး​စွဲခြင်း​ မပြုရန် ပိတ်ပင်လိုက်ပြီဖြစ်သည်။

TVနှင့်​ အသံလွှင့်​ ဌာနများ​တွင် ယင်း​အသုံး​အနှုန်း​များ​ကို ပယ်ဖျက်​စေလိုက်​ကြောင်း​ ပြင်သစ် မီဒီယာ ​စောင့်​ကြည့်​ရေး​ အဖွဲ့​အစည်း​များ​ကဆိုသည်။ ပြင်သစ်အစိုး​ရက ယင်း​လုပ်ရပ်သည် ထိုSocial Networking ဝက်ဆိုက်များ​၏ အမည်ကို ​ကြော်ငြာသလို မဖြစ်​စေရန် တား​ဆီး​လိုက်ခြင်း​ဟု အ​ကြောင်း​ပြပြီး​ ၁၉၉၂ ခုနှစ်၊​ မတ်လ ၂၇ ရက်​နေ့​က ပြဌာန်း​ခဲ့​သည့်​ မီဒီယာဆိုင်ရာ စည်း​မျဉ်း​သတ်မှတ်ချက် အပိုဒ် ၉ အရ အကျံုး​ဝင်​ကြောင်း​ ​ပြောကြား​ခဲ့​သည်။

ပြင်သစ်တွင် မီဒီယာဌာန ​မြောက်မြား​စွာတို့​သည် ကြည့်​ရှုသူများ​၏ အာရုံကို ဆွဲ​ဆောင်နိုင်ရန် Facebookနှင့်​ Twitterတို့​၏ အမည်ကို အသုံး​ပြုခဲ့​ကြသည်။ အစိုး​ရ၏ ယခုပိတ်ပင်ချက်ကို အမျိုး​မျိုး​ ​ဝေဖန်မှုများ​ ထွက်​ပေါ်လာခဲ့​သည်။ ပြင်သစ်ဝက်ဆိုင် Goodwizz.comကို တည်​ထောင်သူ အီမန်နျူရယ် ကက်ဆီမန်း​တစ်က လွတ်လပ်ခြင်း​နှင့်​ မျှတခြင်း​တို့​၏ကြား​ လက်ခံနိုင်​သော အ​နေအထား​တစ်ခုကို ရှာ​ဖွေခြင်း​ဟု အစိုး​ရ၏ ပိတ်ပင်မှုကို သုံး​သပ်​ပြောဆိုသွား​သည်။

အချို့​ကလည်း​ ထိုပိတ်ပင်မှုသည် အဓိပ္ပါယ်မရှိ​သော ကန့်​သတ်မှုဟု ရှုတ်ချခဲ့​ကြသည်။ ပြင်သစ်သမ္မတ နီကိုလက် ဆာကိုဇီသည် အင်တာနက်ဆိုသည်မှာ မင်း​မဲ့​စရိုက်သို့​ ဦး​တည်​နေ​စေ​ကြောင်း​ ​ဝေဖန်ခဲ့​ဖူး​သည်။ ၎င်းသည် တိုင်း​ပြည်အတွင်း​ မီဒီယာ ကဏ္ဍနှင့်​ ပတ်သက်၍ စီစစ်မှုများ​ ပြုလုပ်ရန် လိုအပ်​ကြောင်း​ ​ပြောကြား​ခဲ့​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here