ထိုင်း​နိုင်ငံတွင် E. coli ​ရောဂါပိုး​တွေ့​ရှိ

alt

E. coli ​ရောဂါပိုး​မွှား​များ​ကို ထိုင်း​နိုင်ငံတွင် ​တွေ့​ရှိ​နေရ​ကြောင်း​ ထိုင်း​အစား​အ​သောက်နှင့်​ ​ဆေး​ဝါး​ လုံခြံု​ရေး​ စီမံအဖွဲ့​ (FDA)က ​ပြောကြား​ခဲ့​သည်။

ဥ​ရောပတိုက်တွင် လူ​ပေါင်း​ ၃၀ မျှ ​သေ​ကြေ​စေခဲ့​သော ​ရောဂါပိုး​ကို ဥ​ရောပ ယူနီယံမှ တင်ပို့​သော ​ထောပတ်သီး​များ​တွင် ​တွေ့​ရှိခဲ့​သည်ဟု တာဝန်ရှိသူများ​က ဇွန်လ ၁၀ ရက်​နေ့​တွင် ​ကြေညာခဲ့​သည်။

ဓာတ်ခွဲခန်း​ စမ်း​သပ်ချက်များ​အရ E. coli ဘက်တီး​ရီး​ယား​ ပိုး​မွှား​ကို ​တွေ့​မြင်ခဲ့​ရ​ကြောင်း​ ထိုင်း​ဆေး​ဝါး​သိပ္ပံ ဌာနမှ သု​တေသီများ​ကဆိုသည်။ ထိုင်း​ FDA၏ အ​ထွေ​ထွေ ဒါရိုက်တာ ​ဒေါက်တာ ပီပတ်ယင်ဆာရီက ၎င်းတို့​သည် ​နောက်ထပ် ၅ ရက်ကြာ သု​တေသန ပြုလုပ်ပြီး​နောက် ယခု​တွေ့​ရှိသည့်​ E. coliသည် အလွန်အန္တရာယ်​ပေး​နိုင်သည့်​ O104 အဆိပ်အ​တောက်နှင့်​ ဆက်စပ်မှု ရှိမရှိ အတည်ပြု ​ပြောကြား​နိုင်မည်ဟု ​ကြေညာခဲ့​သည်။

E. coli ဘက်တီး​ရီး​ယား​ ကူး​စက်တိုက်ခိုက်မှု မခံရ​စေ​ရေး​အတွက် လူအများ​အ​နေနှင့်​ လတ်ဆတ်​သော ဟင်း​သီး​ဟင်း​ရွက်နှင့်​ သစ်သီး​ဝလံများ​ကိုသာ စင်ကြယ်စွာ ​ဆေး​ကြောစား​သောက်ရန် FDAက အကြံပြုထား​သည်။

ထို့​အပြင် ​ရေ​ဆေး​ရာတွင် ၂ မိနစ်မျှ အချိန်ယူ ​ဆေး​ကြောသင့်​ပြီး​ ဗီနီဂါနှင့်​ ဆား​တို့​ကိုပါ အသုံး​ပြု​ဆေး​ကြောရန် ညွှန်ကြား​ခဲ့​သည်။ ဟင်း​သီး​ဟင်း​ရွက်များ​ကို ပြုတ်လိုက်ခြင်း​ကလည်း​ E. coliများ​ကို ​သေ​ကြေ​စေပြီး​ ထိုပိုး​မွှား​များ​သည် အပူချိန် ရ၀ ဒီဂရီ ဆဲစီး​ရပ်တွင် ပျက်စီး​သေဆုံး​သွား​တတ်​ကြောင်း​ သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here