​လေယာဉ်တင်သ​င်္ဘော တည်​ဆောက်​နေ​ကြောင်း​ တရုတ်​ကြေညာ

alt

တရုတ်စစ်ဖက်မှ ထိပ်တန်း​ဗိုလ်ချုပ် တစ်ဦး​က နိုင်ငံ၏ ပထမဆုံး​ ​လေယာဉ်တင်သ​င်္ဘောအား​ တည်​ဆောက်​နေမှုကို အတည်ပြု ​ကြေညာလိုက်သည်။

နိုင်ငံအ​ရှေ့​မြောက်ပိုင်း​ ဒါလီယန် ဆိပ်ကမ်း​တွင် ဆိုက်ကပ်ထား​သည့်​ သ​င်္ဘောကြီး​သည် အပြီး​သတ်လုနီး​နီး​ အ​ခြေအ​နေတွင် ရှိ​နေပြီး​ ယခုနှစ်ကုန်ပိုင်း​ခန့်​တွင် အစမ်း​ခုတ်​မောင်း​နိုင်ဖွယ် ရှိ​နေသည်။ တရုတ်ပြည်သူ့​လွတ်​မြောက်​ရေး​တပ်၏ ဦး​စီး​ဗိုလ်ချုပ် တစ်ဦး​ဖြစ်​သော ချန်ဘင်ဒီက ဆိုဗီယက်​ခေတ်က တည်​ဆောက်မှု မပြီး​ပြတ်ခဲ့​သော Varyagကို ဆက်လက်မွမ်း​မံမှုများ​ အပြီး​သတ်နိုင်ရန် နီး​စပ်​နေပြီဟု အတည်ပြုခဲ့​သည်။

ဗိုလ်ချုပ်ချန်က တရုတ်သည် ပထမဆုံး​ ​လေယာဉ်တင် သ​င်္ဘောကို ပိုင်ဆိုင်လာ​သော်လည်း​ ယင်း​မှာ အခြား​သော နိုင်ငံများ​ကို ခြိမ်း​ခြောက်ရန် မဟုတ်​ကြောင်း​ ​ပြောကြား​ခဲ့​သည်။ Varyagသည် ဆိုဗီယက်ယူနီယံ ​ခေတ်​ကောင်း​စဉ် ၁၉၈၀ ပြည့်​နှစ်များ​က တည်​ဆောက်ခဲ့​သော်လည်း​ ဆိုဗီယက် ယူနီယံ ပြိုကွဲသွား​ချိန်တွင် လက်စမသတ်နိုင်ဘဲ ကျန်​နေခဲ့​သည်။ ယင်း​ကို တရုတ်​ရေတပ်က တစ်ဖက်လှည့်​ဖြင့်​ ဝယ်ယူခဲ့​ခြင်း​ဖြစ်သည်။

​လေယာဉ်တင် သ​င်္ဘောအား​ စတင်အသုံး​ပြုနိုင်ပါက တရုတ်အ​နေနှင့်​ ပစိဖိတ် သမုဒ္ဒရာ ​ရေ​ကြောင်း​သွား​လာ​ရေး​ကို ကြီး​စိုး​ထား​သည့်​ အ​မေရိကန် ​ရေတပ်အတွက် သတိထား​စရာ ဖြစ်လာနိုင်သည်။ တရုတ်စစ်တပ်သည် ကမ္ဘာ​ပေါ်တွင် အင်အား​အကြီး​ဆုံး​အဖြစ် ရပ်တည်​နေ​သော်လည်း​ ​ရေတပ်တွင် ​ခေတ်မီ​ရေငုပ်သ​င်္ဘောများ​ တည်​ဆောက်ခြင်း​အပါအဝင် အင်အား​တိုး​ချဲ့​ခြင်း​များ​ ဆက်လက်လုပ်​ဆောင်လျက်ရှိသည်။

ထို့​အပြင် နိုင်ငံ၏ ပထမဆုံး​ ကိုယ်​ပျောက်တိုက်​လေယာဉ်ကို တီထွင်ပြီး​ ​လေယာဉ်တင်သ​င်္ဘော​ပေါ် အတက်အဆင်း​ ပြုလုပ်နိုင်ရန် နည်း​ပညာပိုင်း​ မြှင့်​တင်မှုများ​ ပြုလုပ်ထား​ကြောင်း​လည်း​ သတင်း​များ​က ​ဖော်ပြခဲ့​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here