က​လေး​သူငယ်များ​အား​ လက်ထပ်ထိမ်း​မြား​ပေး​မှု ဖြစ်​ပေါ်လျက်ရှိ

alt

ကမ္ဘာ​ပေါ်တွင် က​လေး​ငယ် အ​မြောက်အမြား​သည် အလွန်ငယ်ရွယ်​သော အချိန်တွင်ပင် အတင်း​အကြပ် လက်ထပ်ထိမ်း​မြား​ပေး​စား​မှုများ​ ဖြစ်​ပေါ်​နေ​ကြောင်း​ National Geographicက ​ဖော်ပြလိုက်သည်။

အိန္ဒိယ၊​ ယီမင်၊​ အီသီယိုး​ပီး​ယား​နှင့်​ အာဖဂန်နစ္စတန်တို့​တွင် မှတ်တမ်း​ပ​ရောဂျက်များ​ ပြုလုပ်ပြီး​နောက် အသက် ၅ နှစ်မျှ အရွယ်သာ ရှိ​သေး​သော က​လေး​များ​ပင် ထိမ်း​မြား​ပေး​စား​မှု ခံ​နေရ​ကြောင်း​ နာမည်​ကျော် ရုပ်မြင်သံကြား​ သတင်း​ဌာနကဆိုသည်။ အိန္ဒိယတွင် ၅ နှစ်အရွယ် မိန်း​က​လေး​များ​သည်ပင် သက်လတ်ပိုင်း​အရွယ် အမျိုး​သား​များ​နှင့်​ လက်ထပ်​ပေး​ခြင်း​ ခံ​နေရ​ကြောင်း​ သိရသည်။

​ကြွေး​မြီအတွက် သမီး​ကို ထိုး​အပ်ခြင်း​ကဲ့​သို့​ ဖြစ်စဉ်များ​ကလည်း​ ကမ္ဘာ​ပေါ်တွင် နှစ်စဉ် အသက်မပြည့်​သေး​သော မိန်း​က​လေး​ ၁၀ သန်း​မှ ၁၂ သန်း​ကြား​ ​စောစီး​စွာ အိမ်​ထောင်ကျမှုများ​နှင့်​ ဆက်စပ်လျက်ရှိသည်။ အိန္ဒိယကဲ့​သို့​ နိုင်ငံများ​တွင် အသက် ၁၈ နှစ် မပြည့်​သေး​သည့်​ မိန်း​က​လေး​နှင့်​ လက်ထပ်​ပေါင်း​သင်း​ခြင်း​သည် မုဒိမ်း​မှု​မြောက်​ကြောင်း​ ဥပ​ဒေ သတ်မှတ်ထား​သော်လည်း​ လျှို့​ဝှက်စွာဖြင့်​ လက်ထပ်ထိမ်း​မြား​ပေး​မှုများ​ ရှိ​နေဆဲဖြစ်သည်။

ပညာရှင်များ​က အရွယ်ငယ်လွန်း​သေး​သော မိန်း​က​လေး​များ​ကို လက်ထပ်​စေခြင်း​သည် ကာယကံရှင်အတွက် စိတ်ပိုင်း​ရော၊​ ရုပ်ပိုင်း​ပါ ပြင်း​ထန်​သော ဖိအား​မျိုး​ ဖြစ်​စေတတ်​ကြောင်း​ ​ပြောကြား​ခဲ့​သည်။ ဖွံ့​ဖြိုး​မှု နည်း​ပါး​နေ​သော လူ့​အဖွဲ့​အစည်း​များ​တွင် ယင်း​ကဲ့​သို့​ ကိစ္စများ​ ဖြစ်​ပေါ်​နေဆဲဖြစ်ပြီး​ ​ဒေသဆိုင်ရာ ဓ​လေ့​ထုံး​စံများ​ကြောင့်​ က​လေး​သူငယ်များ​ လက်ထပ်ထိမ်း​မြား​မှုကို ထိ​ရောက်စွာ တား​ဆီး​နိုင်ရန် အဟန့်​အတား​များ​ ဖြစ်​ပေါ်​နေ​ကြောင်း​ သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here