​ဖော်မြူလာဝမ်း​ က​နေဒါဂရင်း​ပရီပြိုင်ပွဲ ဂျန်ဆန်ဘာတန် ဗိုလ်စွဲ

alt

ဂျန်ဆန်ဘာတန်သည် ​ဖော်မြူလာဝမ်း​ ကား​မောင်း​ပြိုင်ပွဲ က​နေဒါ ဂရင်း​ပရီတွင် အနိုင်ရ ဗိုလ်စွဲသွား​ကြောင်း​ သိရသည်။

ဇွန်လ ၁၂ ရက်​နေ့​ ပြိုင်ပွဲတွင် ဘာတန်သည် အ​ကောင်း​ဆုံး​ ယှဉ်ပြိုင်ပြီး​ ဒဏ္ဍာရီဆန်ဆန် အနိုင်ယူခဲ့​ခြင်း​ဖြစ်သည်။ စိုစွတ်​သော ​ပြေး​လမ်း​တွင် ၆ ကြိမ်မျှ Pit Stop ယူခဲ့​ရပြီး​ ၅ ကြိမ်တွင် တာယာလဲကာ ၁ ကြိမ်မှာ ပင်နယ်တီအဖြစ် အပြစ်​ပေး​ ခံခဲ့​ရခြင်း​ဖြစ်သည်။ ထို့​အပြင် မက်ကလာရင်အသင်း​ ကား​မောင်း​ဖော်များ​ဖြစ်သည့်​ လူး​ဝစ်ဟယ်မီတန်၊​ ဖာနန်ဒို အလွန်ဆိုတို့​နှင့်​လည်း​ ထိခိုက်မိခဲ့​သေး​သည်။

ထိုမျှခက်ခဲ​သော အ​ခြေအ​နေမှတဆင့်​ ​နောက်ဆုံး​ Lapတွင် ပထမ​နေရာကို အရယူကာ ဘာတန်တစ်​ယောက် ဗိုလ်စွဲနိုင်ခဲ့​ခြင်း​ဖြစ်သည်။ ပွဲစဉ်၏ ၉၈ ရာခိုင်နှုန်း​ကို ဦး​ဆောင်ယှဉ်ပြိုင်ခဲ့​သော ဗက်တဲကို ​ကျော်ဖြတ်ကာ အနိုင်ယူခဲ့​ခြင်း​ဖြစ်သည်။ အသက် ၂၃ နှစ်ရှိ ဘာတန်က ၎င်း၏ ဂင်း​ပရီ ပြိုင်ပွဲတစ်ခု ပထမဆုံး​အကြိမ် ​အောင်မြင်ခဲ့​ခြင်း​သည် အလွန်လှပ​ကြောင်း​၊​ မိမိသည် အလွန်စိတ်လှုပ်ရှား​ ​ပျော်ရွှင်​နေမိ​ကြောင်း​ သတင်း​ထောက်များ​အား​ ​ပြောကြား​ခဲ့​သည်။

ဟယ်မီတန်မှာမူ ရက်ဘူး​ကား​အသင်း​မှ မတ်ဝက်ဘာနှင့်​ တိုက်မိခဲ့​ပြီး​နောက် ရလဒ်မ​ကောင်း​ခဲ့​ချေ။ ဝက်ဘာက တတိယ​နေရာ ရယူနိုင်ခဲ့​သည်။ ဟယ်မီတန်၏ ကား​မောင်း​ပုံကို ကမ္ဘာ့​ချန်ပီယံ ၃ ကြိမ်ရဖူး​သည့်​ နီကီ​လောက်ဒါက ရူး​သွပ်မှုတစ်ခုဟု ပြစ်တင်​ဝေဖန်ခဲ့​ပြီး​ ဟယ်မီတန်သည် တစ်​နေ့​နေ့​တွင် ပြိုင်ကား​မောင်း​သမား​တစ်ဦး​ဦး​ကို ကား​လမ်း​ပေါ်တွင် ​သေ​အောင်သတ်နိုင်​ကြောင်း​ ​ပြောဆိုသွား​သည်။ .

LEAVE A REPLY

Please enter your comment!
Please enter your name here