ဂဒါဖီအား​ တိုက်ခိုက်​နေသည့်​ လစ်ဗျား​ပြည်သူ့​စစ်များ​ ​ထောက်ပံ့​ကြေး​ ​ဒေါ်လာ ၁ ဘီလျံ​ကျော် ရရှိ

alt

လစ်ဗျား​တွင် စစ်အာဏာရှင် ဗိုလ်မှူး​ကြီး​ မူအမ်မာ ဂဒါဖီကို တုန့်​ပြန်တိုက်ခိုက်​နေသည့်​ ပြည်သူ့​စစ် တပ်ဖွဲ့​များ​အား​ အ​နောက်အုပ်စု နိုင်ငံများ​နှင့်​ အာရပ်နိုင်ငံများ​က ​ငွေ​ကြေး​ထောက်ပံ့​မှု မြှင့်​တင်​ပေး​ရန် ဆုံး​ဖြတ်လိုက်​ကြောင်း​ သိရသည်။

ဂဒါဖီအား​ နိုင်ငံတကာ ဖိအား​ပေး​မှု မြှင့်​တင်သည့်​ အ​နေနှင့်​ ​ဒေါ်လာ ၁ ဘီလျံ​ကျော်ကို အစိုး​ရ ဆန့်​ကျင်​ရေး​ အင်အား​စုများ​ထံ စစ်မဟာမိတ်များ​က ​ပေး​ပို့​ခဲ့​သည်။ အီတလီက ​ဒေါ်လာ ၅၈၆ သန်း​၊​ ပြင်သစ်က ​ဒေါ်လာ သန်း​ ၄၂၀ နှင့်​ ကူဝိတ်က ​ဒေါ်လာ သန်း​ ၁၈၀ ​ပေး​ပို့​ခဲ့​ခြင်း​ဖြစ်သည်။ လစ်ဗျား​အတိုက်အခံ တပ်ဖွဲ့​များ​က ၎င်းတို့​သည် ​နောက် ၄ လတာ ကာလအတွက် ​ဒေါ်လာ ၃ ဘီလျံမျှ လိုအပ်​ကြောင်း​ ခန့်​မှန်း​ပြောဆိုထား​သည်။

အ​မေရိကန် နိုင်ငံခြား​ရေး​ဝန်ကြီး​ ဟီလာရီ ကလင်တန်က ဂဒါဖီအတွက် ​နေ့​ရက်များ​သည် အနည်း​ငယ်မျှသာ ကျန်ရှိ​တော့​ကြောင်း​ လစ်ဗျား​အ​ရေး​အတွက် အဘူဒါဘီတွင် ပြုလုပ်​သော ​ဆွေး​နွေး​ပွဲတွင် ​ပြောကြား​ခဲ့​သည်။ အ​ခြေအ​နေက မိမိတို့​ဖက်တွင် ရှိ​နေ​ကြောင်း​၊​ သို့​သော်လည်း​ ဖိအား​အရပ်ရပ်ကို မိမိတို့​ ကြံ့​ကြံ့​ခံရန် လိုအပ်​ကြောင်း​ ဟီလာရီကဆိုသည်။ လစ်ဗျား​ အတိုက်အခံ တပ်ဖွဲ့​များ​၏ ကိုယ်စား​လှယ်က မိမိတို့​အ​နေနှင့်​ ဆက်လက်ရပ်တည်ရန် ရန်ပုံ​ငွေ လိုအပ်​ကြောင်း​ ​တောင်း​ခံခဲ့​ရာ ယခုကဲ့​သို့​ နိုင်ငံအချို့​က ကတိပြုခဲ့​ခြင်း​ဖြစ်သည်။

အ​မေရိကန် ပြည်​ထောင်စု အ​နေနှင့်​မူ လစ်ဗျား​ အစိုး​ရ ဆန့်​ကျင်​ရေး​ တပ်ဖွဲ့​များ​ကို ​ထောက်ပံ့​မှု မြှင့်​တင်​ရေး​ ​ဆွေး​နွေး​နေမှုသည် ယခုတိုင် တိုး​တက်မှု အရိပ်အ​ယောင်များ​ မ​တွေ့​ရ​သေး​ဟု ​လေ့​လာသူများ​က ​ပြောကြား​ခဲ့​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here