တရုတ်အရပ်အပုဆုံး​လူသား​ အရပ်ရှည်ရန် ခွဲစိတ်မှုအတွက် ​ငွေ​ကြေး​မတတ်နိုင်

alt

တရုတ်နိုင်ငံ၏ အရပ်အပုဆုံး​ လူသား​သည် အရပ်ရှည်ရန်အတွက် ကုသမှု ခံယူလို​သော်လည်း​ ​ငွေ​ကြေး​မတတ်နိုင်သဖြင့်​ စိတ်ပျက်​နေရ​ကြောင်း​ သိရသည်။

အသက် ၂၃ နှစ်ရှိ ဝူကမ်သည် အရပ် ရ၂.၅ စင်တီမီတာသာ ရှိသည်။ ၎င်းသည် အရပ်မြင့်​အောင် ဟိုမုန်း​များ​ ထိုး​ထည့်​ပြီး​ ​နောက်ထပ် စင်တီမီတာ ၄၀ မျှ အရပ်ထပ်ရှည်ရန် ​မျှော်လင့်​လျက်ရှိသည်။ သို့​သော်လည်း​ ဝူအ​နေနှင့်​ ကုန်ကျစရိတ်ကို မတတ်နိုင်​ပေ။

ဟူဘိုင်း​တွင် ​နေထိုင်​သော ဝူ၏ အရပ်အ​မောင်း​နှင့်​ ကိုယ်အ​လေး​ချိန်မှာ ၁ နှစ်အရွယ် က​လေး​တစ်ဦး​စာမျှသာ ရှိ​နေသည်။ ၎င်းအ​နေနှင့်​ ဟိုမုန်း​ထိုး​သွင်း​ ကုသမှု ခံယူမည် ဆိုပါက လီအိုနင်း​ရှိ ရှန်ယန်း​သို့​ သွား​ရောက်ရမည်ဖြစ်သည်။

ဆရာဝန်များ​က ဟိုမုန်း​ထိုး​သွင်း​ ကုသမှု​ကြောင့်​ ၅ နှစ်အတွင်း​ ဝူ၏ အရပ်မှာ လက်မ ၄၀ မျှရှည်ထွက်လာမည်ဟု ​ပြောကြား​ထား​သည်။

သို့​သော် ကုန်ကျစရိတ်မှာ ယွမ်​ငွေ ၁.၈ သန်း​မျှ ရှိ​နေမည်ဖြစ်သည်။ ထိုပမာဏမျှ ​ငွေ​ကြေး​ကို ဝူ၏ မိသား​စုက မတတ်နိုင်​သော​ကြောင့်​ ဝူအ​နေနှင့်​ စိတ်ပျက်​နေရ​ကြောင်း​လည်း​ သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here