ရင်သား​ကြီး​ထွား​လိုသည့်​ မ​လေး​ရှား​အမျိုး​သမီး​ အသည်း​ကွဲဇာတ်လမ်း​ကြံု

alt

မ​လေး​ရှား​နိုင်ငံမှ ရုံး​စာ​ရေး​ အမျိုး​သမီး​တစ်ဦး​သည် ရင်သား​ကြီး​ထွား​ရန် ခွဲစိတ်မှု ခံယူခဲ့​ပြီး​နောက် နှစ်ခါနာရသည့်​ အဖြစ်မျိုး​ ကြံု​နေရ​ကြောင်း​ သိရသည်။

သူမသည် ချစ်သူ၏ စွန့်​ခွာမှုကို ခံရပြီး​နောက် ရင်သား​ကိုလည်း​ ဖယ်ရှား​ ဖြတ်ထုတ်ရမည့်​ အ​ခြေအ​နေနှင့်​ ရင်ဆိုင်​နေရသည်။ အသက် ၃၀ အရွယ်ရှိပြီး​ သမ်ဟုသာ မည်​ဖော်ပြ​သော အမျိုး​ သမီး​သည် သူမ၏ချစ်သူ သ​ဘောကျ​စေရန် ရင်သား​ခွဲစိတ်မှု ခံယူခဲ့​ခြင်း​ဖြစ်သည်။ သူမ၏ ချစ်သူက သူမအား​ ယခုထက် ပိုပိန်၍ ရင်သား​ပိုကြီး​စေလို​ကြောင်း​ မကြာခဏ ​ပြော​လေ့​ရှိသည်။

လွန်ခဲ့​သော ၂ လကမူ သမ်သူ သူမ​နေထိုင်ရာ ဖာဟန်မှ ကွာလာလမ်ပူသို့​ သွား​ရောက်ပြီး​ ဆရာဝန် တစ်ဦး​နှင့်​ ​တွေ့​ဆုံခဲ့​သည်။ ထို့​နောက် ရင်သား​ခွဲစိတ်မှုကို ခံယူခဲ့​သည်။ သို့​သော် လက်ရှိတွင် သူမ၏ ခွဲစိတ်ထား​သော ရင်သား​အတွင်း​ ပိုး​ဝင်မှု​ကြောင့်​ ရင်သား​တစ်ခုလုံး​ ဖြတ်ထုတ်ရမည့်​ အ​ခြေအ​နေမျိုး​ ကြံု​နေရသည်။ သမ်၏ ချစ်သူမှာလည်း​ သူမအား​ ရင်သား​ခွဲစိတ်မှုအတွက် ​ငွေအ​ မြောက်အမြား​ သုံး​စွဲသည်ဟုဆိုကာ ​ဒေါသတကြီး​ လမ်း​ခွဲသွား​ခဲ့​သည်။

သမ်သည် ခွဲစိတ်မှုအတွက် ရင်း​ဂစ်​ငွေ ၁၃၀၀၀ ​ ကျော် ကုန်ကျခဲ့​သည်။ ​လော​လောဆယ်တွင် သမ်သည် ရင်သား​များ​ ပိုး​ဝင်မှု​ကြောင့်​ ဗျာများ​လျက်ရှိသည်။ ခွဲစိတ်ပြီး​ ၁ ပတ်မျှ အကြာကတည်း​က ရင်သား​များ​ ​ရောင်ရမ်း​ကာ ညိုမည်း​သွား​ခဲ့​ကြောင်း​ သူမကဆိုသည်။

သူမ၏ ကိစ္စနှင့်​ ပတ်သက်၍ တရား​ရုံး​က ထိုခွဲစိတ်မှုသည် တရား​ဝင် လုပ်​ဆောင်ခြင်း​ မဟုတ်ဟု ယူဆရ​ကြောင်း​ ​ပြောကြား​ထား​သည်။ မ​လေး​ရှား​တွင် ရင်သား​ပြင်ဆင်မှုကို တရား​မဝင်ဘဲ ခွဲစိတ်လုပ်ကိုင်မှုများ​ ရှိ​နေ​ကြောင်း​လည်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here