စမတ်ဖုန်း​ တင်ပို့​ရောင်း​ချမှုပမာဏ ၂၀၁၅ ခုနှစ်တွင် ၁ ဘီလျံထိ ရှိလာမည်

alt

၂၀၁၅ ခုနှစ်တွင် ကမ္ဘာ့​စမတ်ဖုန်း​ တင်ပို့​ရောင်း​ချမှု ပမာဏသည် ၁ ဘီလျံထိ ရှိလာမည်ဟု ​လေ့​လာသူများ​က ​ ပြောကြား​လိုက်သည်။ ​

ဈေး​ကွက်သု​တေသနဌာန IDCက မိုဘိုင်း​ဖုန်း​ သုံး​စွဲသူ သန်း​ပေါင်း​များ​စွာသည် သာမန် Handsetများ​ ​နေရာတွင် ပိုမို​ကောင်း​မွန်​သော စမတ်ဖုန်း​များ​ အစား​ထိုး​လာခြင်း​နှင့်​အတူ စမတ်ဖုန်း​ရောင်း​အား​သည် ကြီး​ကြီး​မား​မား​ တက်လာ​နေ​ကြောင်း​ ​ပြောကြား​ခဲ့​သည်။ ၂၀၁၅ ခုနှစ်တွင် ကမ္ဘာတဝှမ်း​ စမတ်ဖုန်း​ တင်ပို့​မှုသည် အလုံး​ရေ ၁ ဘီလျံထိ မြင့်​တက်သွား​မည်ဟု IDC၏ ​ဈေး​ကွက်သု​တေသီ ကီဗင်ရက်စတီဗိုကဆိုသည်။

စမတ်ဖုန်း​ ​ဈေး​ ကွက်တွင် Google၏ Android OSသုံး​ ဖုန်း​များ​က ​ဈေး​ကွက်တစ်ခုလုံး​၏ ၃၉ ရာခိုင်နှုန်း​ဖြင့်​ လက်တ​လော ဦး​ဆောင်​ နေပြီး​ ၂၀၁၅ တွင် ၄၄ ရာခိုင်နှုန်း​ထိ ​နေရာရလာမည်ဟု IDCက ခန့်​မှန်း​ခဲ့​သည်။ Windows Phone OSသည် ၂၀၁၅ တွင် ​ဈေး​ကွက်၏ ၂၀ ရာခိုင်နှုန်း​ကို သိမ်း​ပိုက်ကာ ဒုတိယ​နေရာတွင် ရပ်တည်​နေပြီး​ Apple၏ iOSက ၁၇ ရာခိုင်နှုန်း​ ဖြင့်​ တတိယ​နေရာတွင် ရှိလိမ့်​မည်ဟုလည်း​ IDCက ကြိုတင်ခန့်​မှန်း​ထား​သည်။ လက်ရှိတွင်မူ Windows Phone OS၏ ​ဈေး​ကွက်​ဝေစုမှာ ၄ ရာခိုင်နှုန်း​မျှသာ ရှိ​သေး​သည်။ Nokia၏ Symbian OSမှာမူ ၂၀၁၅ တွင် လူကြိုက်များ​မှု အလွန်ကျဆင်း​သွား​မည်ဟုလည်း​ IDCက သုံး​သပ်ထား​သည်။

၂၀၁၁ ခုနှစ်တွင် စမတ်ဖုန်း​များ​ တင်ပို့​ရောင်း​ချမှုသည် ၄၇၂ သန်း​ကျော် ရှိမည်ဟု ကီဗင်ကဆိုသည်။ ၂၀၁၀ ပြည့်​နှစ်ကမူ အလုံး​ရေ ၃၀၅ သန်း​သာ တင်ပို့​ခဲ့​သည်။ IDC၏ အဆိုအရ ၂၀၁၅ တွင် စမတ်ဖုန်း​ တင်ပို့​မှု အ​ရေအတွက်သည် အနိမ့်​ဆုံး​ ၉၈၂ သန်း​ ရှိလာမည်ဟုလည်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here