အပမ်း​ဖြေသည့်​အခါ အ​ပေါ်ပိုင်း​ဗလာကျင်း​တတ်သည့်​ ဗြိတိန်အမျိုး​သမီး​များ​

alt

အား​လပ်ရက် အပမ်း​ဖြေသည့်​အခါတိုင်း​ ဗြိတိန်အမျိုး​သမီး​ ၅ ဦး​တွင် ၁ ဦး​သည် အ​ပေါ်ပိုင်း​ ဗလာကျင်း​ပြီး​ လွတ်လွတ်လပ်လပ် ​နေ​လေ့​ရှိ​ကြောင်း​ စစ်တမ်း​တစ်ခုက ​ဖော်ပြခဲ့​သည်။

အထူး​သဖြင့်​ နိုင်ငံအ​ရှေ့​ပိုင်း​ဒေသမှ မိန်း​က​လေး​များ​သည် ​နေပူစာလှံုသည့်​အခါ အ​ပေါ်ဝတ်များ​အား​လုံး​ကို ချွတ်ပစ်​လေ့​ရှိ​ကြောင်း​ သိရသည်။ အ​ရှေ့​ပိုင်း​ ​ဒေသမှ မိန်း​က​လေး​ ၂၈ ရာခိုင်နှုန်း​မျှသည် ထိုသို့​ ပြုမူ​လေ့​ရှိပြီး​ မိန်း​က​လေး​များ​ အချိန်အများ​ဆုံး​ အဝတ်အစား​ချွတ် ​နေပူစာလှံုချိန်မှာ ၃ နာရီ ၁၅ မိနစ်ဝန်း​ကျင်မျှဟုဆိုသည်။

စ​ကော့​နယ်မှ မိန်း​က​လေး​များ​သည် အဝတ်ချွတ်ရန် ဒုတိယ အား​အသန်ဆုံး​ဖြစ်ပြီး​ ​မြောက်အိုင်ယာလန်သူများ​မှာမူ အရှက်အကြီး​ဆုံး​ဖြစ်ပြီး​ ၁၂.၅ ရာခိုင်နှုန်း​မျှသာ အဝတ်ချွတ်ပစ်​လေ့​ရှိ​ကြောင်း​ သိရသည်။

အသက် ၃၅ နှစ်မှ ၄၄ နှစ်ကြား​ အမျိုး​သမီး​များ​မှာမူ အချွတ်အကြမ်း​ဆုံး​ဟုလည်း​ Superdrugက ပြုလုပ်​သော စစ်တမ်း​တွင် ​ဖော်ပြထား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here