တာတိုပစ်ဒုံး​ကျည် ​မြောက်ကိုရီး​ယား​ စမ်း​သပ်ပစ်ခတ်

alt

​မြောက်ကိုရီး​ယား​သည် တာတိုပစ် ဒုံး​ကျည်တစ်စင်း​ကို စမ်း​သပ်ပစ်ခတ်ခဲ့​ကြောင်း​ သိရသည်။

ကိုရီး​ယား​ ကျွန်း​ ဆွယ်တွင် တင်း​မာမှုများ​ မြင့်​တက်​နေစဉ် ကွန်မြူနစ်နိုင်ငံက ယခုလို ပြုလုပ်ခဲ့​ခြင်း​ဖြစ်သည်။ အ​နောက်ဖက် ကမ်း​ ခြေတွင် ပြီး​ခဲ့​သည့်​ သီတင်း​ပတ်က ​မြောက်ကိုရီး​ယား​တို့​ ဒုံး​ကျည်စမ်း​သပ်မှု ပြုလုပ်ခဲ့​ကြောင်း​ ​တောင်ကိုရီး​ယား​ ယွန်ဟပ်သတင်း​ ​အေဂျင်စီက ထုတ်ပြန်ခဲ့​သည်။

KN-06 အမျိုး​အစား​ တာတိုပစ် ဒုံး​ကျည်ကို ​မြောက်ကိုရီး​ယား​က စမ်း​သပ်ခဲ့​ကြောင်း​ ​တောင်ကိုရီး​ယား​ ​ထောက်လှမ်း​ရေး​ ဌာန၏ အဆိုကို ကိုး​ကား​ပြီး​ ယွန်ဟပ်က ​ဖော်ပြခဲ့​ခြင်း​ ဖြစ်သည်။ ၂၀၀၉ ခုနှစ်၊​ ​အောက်တိုဘာလက ​မြောက်ကိုရီး​ယား​သည် KN-02 အမျိုး​အစား​ ဒုံး​ကျည် ၅ စင်း​ကို စမ်း​ သပ်ခဲ့​ပြီး​နောက် ယခုအကြိမ်သည် ပထမဆုံး​ ဒုံး​ကျည်စမ်း​သပ်မှုဟုလည်း​ ယွန်ဟပ်ကဆိုသည်။

ယခုတာတိုပစ် ဒုံး​ ကျည်သည် ​ဒေသတွင်း​ ပစ်မှတ်များ​ကို တိုက်ရိုက်​ခြေမှုန်း​နိုင်ဖွယ် ရှိ​နေ​ကြောင်း​လည်း​ သိရသည်။ ​

တောင်ကိုရီး​ယား​နှင့်​ ​မြောက်ကိုရီး​ယား​တို့​သည် ဆက်ဆံ​ရေး​ တင်း​မာမှုများ​ ဖြစ်​ပေါ်​နေပြီး​ ယမန်နှစ် နိုဝင်ဘာလက ​တောင်ကိုရီး​ယား​ စစ်သ​င်္ဘော Cheonanမှာ ​မြောက်ကိုရီး​ယား​ ​ရေငုပ်သ​င်္ဘော တစ်စင်း​မှ ပစ်လွှတ်လိုက်သည်ဟု ယူဆရ​သော ​တော်ပီဒို ထိမှန်နစ်မြုပ်ခဲ့​ပြီး​နောက် အ​ခြေအ​နေမှာ အဆိုး​ရွား​ဆုံး​ ဖြစ်လာခဲ့​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here