အ​​မောမ​​ပြေတဲ့​​ အိမ်ပြန်ခရီး​​(သို့​​) “စစ်ငရဲတွင်း​​နက်ထဲက ဗမာပြည်”

သရုပ်ဖေါ်ပုံ  © မင်းကျော်​

နိုင်ငံရပ်ခြား​​တိုင်း​​တပါး​​မှာ ​​ရေကြည်ရာမြက်နုရာ၊​ တစ်ဝမ်း​​တစ်ခါး​​အတွက် ရှာ​​ဖွေလုပ်ကိုင် ​​

နေကြသူတိုင်း​​ဟာ နှစ်ကုန်ပိုင်း​​ အား​​လပ်ရက်က​​လေး​​​တွေ ရလာရင် ကိုယ့်​​ရွာ၊​ ကိုယ့်​​မြို့​​ ကိုယ့်​​တိုင်း​​ပြည် ပြန်အနား​​ယူခြင်း​​ကြတာ ဓမ္မတာပါ။ မပြန်ခင်​​တော့​​ ဗမာအစား​​အစာ၊​ ဗမာ့​​ရှုခင်း​​ ငမတ်မွတ်မှု​​တွေ အာသာ​​ဖြေဖို့​​ စိတ်ကူး​​​တွေနဲ့​​ ရင်ခုန်​​နေခဲ့​​စမြဲ။ တကယ့်​​တကယ် ဗမာပြည် ပြန်​​ရောက်တဲ့​​အခါ

စစ်အာဏာရှင် ငရဲတွင်း​​ထဲမှာ အနိဌာရုံ​​တွေ၊​ ယုတ်ညံ့​​တဲ့​​ အုပ်ချုပ်သူ​​တွေရဲ့​​ လက်မှာ မချိမဆန့်​​ ခံစား​​​နေရတဲ့​​ အများ​​ပြည်သူ ရဟန်း​​ရှင်လူ​​တွေရဲ့​​ ဘဝကို မျက်ဝါး​​ထင်ထင် မြင်ရပြီး​​တဲ့​​​နောက် နာကျည်း​​ခံပြင်း​​စွာ၊​ စိတ်​​သောကကြီး​​စွာ ပြန်လာရတဲ့​​ အ​​ခေါက်​​ပေါင်း​​ မနည်း​​​တော့​​။ ဒါ​​ပေယမ့်​​လဲ ဝဋ်​​ကြွေး​​ပါလာသူမို့​​ ၂၀၁ဝခု နှစ်ကုန်ပိုင်း​​မှာ ထုံး​​စံအတိုင်း​​ ခွင့်​​ရလို့​​ ပြန်ဖြစ်ခဲ့​​တယ်။

ငရဲတံခါး​​ဝ

​​လေယာဉ်​​ပေါ်က​​နေ ​​ခြေနှစ်​​ချောင်း​​ကိုချလိုက်တယ်ဆိုရင်ဘဲ ​​လေဆိပ်ပင်မအ​​ဆောက်အဦနဲ့​​ ​​လေယာဉ်ကို ဆက်ထား​​တဲ့​​ စကြင်္န်ပိုက်လုံး​​အဝမှာ ဘဝအ​​မော​​တွေ ထင်ဟပ်​​နေတဲ့​​၊​ ညှိုး​​နွမ်း​​တဲ့​​ မျက်နှာ​​သေ​​လေး​​များ​​နဲ့​​ ​​လေဆိပ်ဝန်ထမ်း​​များ​​ကို စ​​တွေ့​​ခဲ့​​ရတယ်။ ပြံုး​​ရွှင်​​ဖော်​​ရွေစွာ ဝန်​​ဆောင်မှုကို အ​​လေး​​ထား​​တဲ့​​ နိုင်ငံတကာ​​လေဆိပ်ကြီး​​​တွေက​​နေ ပြန်လာသူတစ်​​ယောက်အတွက်​​တော့​​ ရင်ဝကို အိမ်​​ပေါက်ဝမှာ ​​ဆောင့်​​ကန်ခံရသလို ခံစား​​လိုက်မိတယ်။ အဲ့​​ဒီ​​နောက် လူဝင်မှုကြီး​​ကြပ်​​ရေး​​ကို ဖြတ်​​တော့​​ အရာရှိဆိုသူ​​တွေကိုယ်တိုင် အတင့်​​ရဲစွာ ​​တောင်း​​ရမ်း​​လာဘ်ယူ​​နေတာ ကြံုခဲ့​​ရတယ်။ ငရဲတံခါး​​အဝင်ဂိတ်မှာ ငရဲပြည်ဝင်ခွင့်​​ ဖြတ်​​နေသလိုပါပဲ။ အဲ့​​ဒီ​​နောက် အ​​ကောက်ခွန်ဂိတ်ဖြတ်​​တော့​​ မိအိုဖအိုအတွက် သယ်လာတဲ့​​ အား​​​ဆေး​​ကို​​တောင် ရန်ရှာတာခံရတယ်။

​​လေဆိပ်အပြင်ကို ထွက်တယ်ဆိုရင်ဘဲ သတ်မှတ်နှုန်း​​ထား​​ မရှိ၊​ မီတာမရှိဘဲ လူပုံကိုကြည့်​​ပြီး​​ လှီး​​ဖြတ်​​ဈေး​​​ခေါ်​​နေတဲ့​​ ပါရမီတက္ကစီနဲ့​​ အခြား​​ပုဂ္ဂလိကတက္ကစီ​​တွေနဲ့​​ ​​ဈေး​​ညှိရင်း​​ ကျွန်​​တော့်​​စိတ်​​တွေ ​​နောက်ကျိလာတယ်။ ​​ဈေး​​အချိုဆုံး​​တက္ကစီတစ်စီး​​ကို ငှား​​ပြီး​​ ​​မြောက်ဥက္ကလာပ အ​​ဝေး​​​ပြေး​​ကား​​ဂိတ်ကို ချီတက်ခဲ့​​ရ​​တော့​​တယ်။ လမ်း​​​ဘေး​​ဝဲယာ ရှုခင်း​​​တွေနဲ့​​ တက္ကစီဒရိုက်ဘာရဲ့​​ စကား​​​တွေ နား​​​ထောင်လိုက်ရုံနဲ့​​ မှား​​ယွင်း​​တဲ့​​ စနစ်​​အောက်၊​ အရည်ချင်း​​မဲ့​​သူ​​တွေ ကြီး​​စိုး​​​နေတဲ့​​ ဗရမ်း​​ဗတာ လူ့​​အဖွဲ့​​အစည်း​​ကြီး​​တစ်ခုကို မျက်ဝါး​​ထင်ထင်မြင်ခဲ့​​ရတယ်။

ပြာပူငရဲ

အဆင့်​​နိမ့်​​တဲ့​​ ပြုပြင်ထိန်း​​သိမ်း​​မှု​​တွေ​​ကြောင့်​​ စီး​​နင်း​​ဖို့​​ရာ မသင့်​​​တော်တဲ့​​ ရထား​​နဲ့​​ ခရီး​​ မသွား​​​တော့​​ဘဲ အ​​ဝေး​​​ပြေး​​ကား​​နဲ့​​ ကိုယ့်​​​မွေး​​ရပ်​​မြေကို ပြန်ခဲ့​​တယ်။ တကယ်​​တော့​​ ရထား​​မှတင် မဟုတ်ပါဘူး​​၊​ ဗမာတစ်နိုင်ငံလုံး​​မှာ ​​နေရာတိုင်း​​ လိုအပ်တာထက် ပိုအန္တရာယ်ရှိ​​နေပြီး​​၊​ လူတိုင်း​​ရဲ့​​ ဘဝဟာ လုံခြံုမှု မရှိပါဘူး​​။ ကျွန်​​တော်စီး​​လာတဲ့​​ကား​​ကြီး​​ဟာ ​​နောက်တစ်​​နေ့​​ မနက်အ​​စောပိုင်း​​ မန္တ​​လေး​​မြို့​​ထဲ စဝင်လာခဲ့​​တယ်။ ဂိတ်ဆုံး​​မ​​ရောက်ခင် လမ်း​​​ဘေး​​ဓါတ်ဆီဆိုင်တစ်ခုကို ဖြတ်လာ ​​တော့​​ အလွန်ရှည်လျား​​တဲ့​​ ကား​​တန်း​​ကြီး​​နဲ့​​ ဆိုင်ကယ်တန်း​​​တွေ အံ့​​ဩစဖွယ် ​​တွေ့​​မြင်လိုက်ရတယ်။ ဘာဖြစ်လို့​​ တန်း​​စီ​​နေကြသလဲလို့​​ ​​ဘေး​​ထိုင်ခုံက လူကို ​​မေး​​​တော့​​ ပုဂ္ဂလိကဆီဆိုင်တစ်ချို့​​ကို အစိုး​​ရ​​ဈေး​​နဲ့​​ ​​ရောင်း​​ခွင့်​​​ပေး​​​တော့​​ အပြင်​​ဈေး​​နဲ့​​ တစ်ဂါလံကို ​​ငွေ(၈၀၀)​​လောက် ကွာ​​တော့​​ အလုပ်မရှိတဲ့​​သူ​​ရော၊​ ရှိတဲ့​​သူပါ လာတန်း​​စီပြီး​​ ဆီတိုး​​ စား​​ကြတာပါတဲ့​​။ တစ်ချို့​​ဆို ညအိပ်ပြီး​​​တောင် ​​စောင့်​​ကြသတဲ့​​။ အ​​ပေါ်ပူ၊​ အထက်ပူနဲ့​​ မန္တ​​လေး​​မြို့​​ ပူပြင်း​​တဲ့​​​နေရှိန်​​အောက်မှာ တန်း​​စီရတဲ့​​ လူ​​တွေရဲ့​​ ဆင်း​​ရဲဒုက္ခကို ငရဲပြည်က ပြာပူငရဲနဲ့​​ နှိုင်း​​ယှဉ်ကြည့်​​မိတယ်။

ဆင်း​​ရဲသံသရာနဲ့​​

အိမ်ပြန်​​ရောက်​​တော့​​ ခဏတဖြုတ်နား​​ပြီး​​ မန္တ​​လေး​​သား​​တို့​​ ထုံး​​စံအတိုင်း​​ မနက်စာ စား​​ဖို့​​ လက်ဖက်​​ရေဆိုင်ကို ထွက်ခဲ့​​တယ်။ အသက် ၁၀ နှစ် ဝန်း​​ကျင်စား​​ပွဲထိုး​​​လေး​​​တွေ စုပြံု ​​ရောက်လာ​​တော့​​ အစား​​အ​​သောက်မမှာခင် သူတို့​​အ​​ကြောင်း​​​မေး​​မိတယ်။ အများ​​စုက အထက် အညာ​​ကျေး​​လက် ​​တောနယ်ပိုင်း​​ကပါ။ မိဘက ဆင်း​​ရဲပြီး​​ ​​ကျောင်း​​မထား​​နိုင်လို့​​ အရွယ်မတိုင်ခင် အလုပ်လုပ်ကြရတာ။ ဆင်း​​ရဲလို့​​ ​​ကျောင်း​​မတက်၊​ စာမတတ်​​တော့​​ ဆင်း​​ရဲနဲ့​​ အမွဲသံသရာမှာ တလည်လည်​​ပေါ့​​။ ဒီ​​နေရာမှာ “ပညာ​​ရေး​​ဟာ ဆင်း​​ရဲမွဲ​​တေခြင်း​​ကို တိုက်ခိုက်ဖို့​​ အ​​ကောင်း​​ဆုံး​​ လက်နက်ပါ” ဆိုတဲ့​​ မင်ဒဲလား​​ကြီး​​ရဲ့​​ စကား​​ကို သတိရလိုက်မိတယ်။

မနက်စာမုန့်​​နဲ့​​ လက်ဖက်​​ရေ​​သောက်ပြီး​​ ပိုက်ဆံရှင်း​​​တော့​​ ကျွန်​​တော့်​​အိတ်ကပ်ထဲက ​​ထောင်တန်သုံး​​​လေး​​ရွက် ခုန်​​ပေါက်ထွက်သွား​​တယ်။ ဒီအတိုင်း​​ဆို သာမန်ပြည်သူ အများ​​စုဟာ လက်ဖက်​​ရေဆိုင်​​တောင် မထိုင်နိုင်​​တော့​​ဘူး​​။ ​​ဘေး​​ဘီကြည့်​​လိုက်​​တော့​​ အ​​တော်အသင့်​​ အလုပ် ဖြစ်ပုံရတဲ့​​ ပွဲစား​​လိုလို လူများ​​၊​ အ​​ရောင်း​​ဝယ်သမား​​တစ်ချို့​​နဲ့​​ ​​ဘေး​​​ပေါက်ရပြီး​​ ပွ​​နေရတဲ့​​ ဝန်ထမ်း​​ တစ်ချို့​​သာ ​​တွေ့​​ရတယ်။

စစ်အာဏာရှင်ရဲ့​​ ကလဲ့​​စား​​

ဗိုက်ဖြည့်​​ပြီး​​တာနဲ့​​ မဟာမြတ်မုနိဘုရား​​ကြီး​​ ဝင်ဦး​​ခိုက်လိုက်​​တော့​​ အတန်အသင့်​​ စိတ်ကြည်နူး​​မှု​​လေး​​​ရပြီး​​ မန္တ​​လေး​​တက္ကသိုလ်​ကို အလွမ်း​​​ပြေ ကြည့်​​ဖို့​​ လှည့်​​ဝင်ခဲ့​​တယ်။ အ​​ရောင်အဆင်း​​ ကင်း​​မဲ့​​ပြီး​​ ​​ဆေး​​ဖတ်​​တွေ ကွာကျ​​နေတဲ့​​ အဝင်မုဒ်ဦး​​ တံခါး​​မကြီး​​နဲ့​​ ပက်ပက်စက်စက် လျစ်လျှူရှုခြင်း​​ ခံထား​​ရတဲ့​​ အ​​ဆောက်အဦများ​​ကို မြင်ယုံနဲ့​​တင် စစ်အစိုး​​ရနဲ့​​ တိုင်း​​သူပြည်သား​​​တွေရဲ့​​ ပညာ​​ရေး​​ အ​​ပေါ် ထား​​တဲ့​​အမြင်နဲ့​​ ​​စေတနာနိမ့်​​ကျမှုကို ထင်ထင်ရှား​​ရှား​​ မြင်​​တွေ့​​နိုင်တယ်။ စိန်ပန်း​​နီပင်၊​ တမာပင်၊​ ထ​​နောင်း​​ပင်​​တွေနဲ့​​ ဂန္ဓဝင်ဆန်ဆန် လှပခဲ့​​ဖူး​​တဲ့​​ သမိုင်း​​ဝင်တက္ကသိုလ်ကြီး​​ဟာ အခု​​တော့​​ ​​သွေ့​​​ခြောက်ယိုယွင်း​​​နေခဲ့​​ပြီ။ ​​ရေနီ​​မြောင်း​​သွား​​တဲ့​​ လမ်း​​​ဘေး​​မှာ ကြက်ဆူပင်​​တွေ အနှစ်သာရမဲ့​​စွာ စိုက်ထား​​တာလည်း​​ ​​တွေ့​​ခဲ့​​ရတယ်။ တက္ကသိုလ် ပင်မအ​​ဆောက်အဦကြီး​​ကို သွား​​တဲ့​​လမ်း​​ကို သံဆူး​​ကြိုး​​​တွေ အထပ်ထပ် ပတ်ပြီး​​ ​​ထောင်ချထား​​တယ်။ စစ်အာဏာရှင်ကို ​​တော်လှန်ဖို့​​ ​​ကျောင်း​​သူ​​ကျောင်း​​သား​​​တွေ သပိတ်စခန်း​​အဖြစ် သုံး​​ခဲ့​​တဲ့​​​နေရာမို့​​ ရည်ရွယ်ချက်ရှိရှိနဲ့​​ ကလဲ့​​စား​​ ​​ချေထား​​တယ်ဆိုတာ မြင်သာပါတယ်။

ပြိတ္တာ ဘဝများ​​နဲ့​​ မိုး​​ခါး​​​ရေ

ပင်မအ​​ဆောက်အဦထဲ မဝင်ရဘူး​​ဆို​​တော့​​ ဝင်လို့​​ရတဲ့​​ တက္ကသိုလ်ပရဝဏ်ထဲက လမ်း​​သွယ် ​​လေး​​​တွေပဲ အလွမ်း​​​ပြေ ဝင်ကြည့်​​ရင်း​​ ပါ​​မောက္ခ​​တွေ ဆရာ ဆရာမကြီး​​​တွေ​​နေတဲ့​​ အိမ်ရာ​​တွေ ​​ရောက်ခဲ့​​တယ်။ အဲ့​​ဒီအိမ်ရာ​​တွေထဲက ​​ကျောင်း​​သူ ​​ကျောင်း​​သား​​တစ်ချို့​​ ထွက်လာတာမြင်လို့​​ ​​မေး​​ကြည့်​​လိုက်​​တော့​​ ရတဲ့​​လစာနဲ့​​ မ​​လောက်ငတာ​​ကြောင့်​​ ဆရာ​​တွေက သူတို့​​အိမ်ကို အ​​ဆောင် ဖွင့်​​စား​​ကြသတဲ့​​။ သူတစ်ပါး​​ တိုင်း​​ပြည်ကို ကိုလိုနီ ကျွန်ပြုတဲ့​​ အင်္ဂလိပ်​​တွေ​​တောင်မှ သူတို့​​ကျွန်လို့​​ သ​​ဘောထား​​တဲ့​​ ဗမာပြည်သူ​​တွေရဲ့​​ ပညာ​​ရေး​​ကို အ​​လေး​​ထား​​တယ်။ ပညာရှင်​​တွေကို ​​နေရာ​​ပေး​​ ကြတယ်။ တက္ကသိုလ်ဆရာ ဆရာမကြီး​​​တွေဆိုတာ ဒလဝမ်နဲ့​​ အ​​စေအပါး​​နဲ့​​ အဆင့်​​မြင့်​​မြင့်​​ ​​နေနိုင်ကြတယ်။ ကျွန်​​တော်တို့​​ မိဘ​​တွေလက်ထပ် ထမင်း​​​ကြော်တစ်ပွဲ တစ်ကျပ်ပဲ ​​ပေး​​ရတဲ့​​ ​​ခေတ်မှာ ပါ​​မောက္ခတစ်​​ယောက်ဟာ လစာတစ်​​ထောင့်​​နှစ်ရာ ရသတဲ့​​။ တစ်နည်း​​အား​​ဖြင့်​​ဆိုရင် ဒီပါ​​မောက္ခဟာ ထမင်း​​​ကြော်ပွဲ​​ပေါင်း​​ (၁၂၀၀)ဝယ်စား​​နိုင်တယ်​​ပေါ့​​။ အခု​​ခေတ် ထမင်း​​​ကြော်တစ်ပွဲ ၁၅၀၀ ကျပ်ဆို​​တော့​​ ပါ​​မောက္ခတစ်​​ယောက်ရသင့်​​တဲ့​​ လစာဟာ ၁၅၀၀ x ၁၂၀၀ = ၁၈ သိန်း​​ ဖြစ်သင့်​​တာ​​ပေါ့​​။ တကယ်ရတဲ့​​ လစာက ၃ သိန်း​​ဝန်း​​ကျင်​​လောက်ဆို​​တော့​​ ဘယ်မှာ ​​လောက်င​​တော့​​ မလဲ။ ထိုက်တန်တဲ့​​ လစာ မရရင် ဘယ်သူမဆို ကိုယ့်​​အလုပ်ကို တန်ဖိုး​​ထား​​မှာ မဟုတ်သလို အား​​သွန်ခွန်စိုက် မလုပ်ကြမှာ အ​​သေချာပဲ။ စား​​ဝတ်​​နေ​​ရေး​​ မဖူလုံရင် မရရတဲ့​​ နည်း​​မျိုး​​စုံနဲ့​​ အပို ဝင်​​ငွေရှာကြမှာ​​ပေါ့​​။ တစ်တိုင်း​​ပြည်လုံး​​ မိုး​​ခါး​​​ရေ​​သောက်ကြ​​ပေါ့​​။ အုပ်ချုပ်​​နေသူ​​တွေကိုယ်က သူခိုး​​ ဓါး​​ပြဆို​​တော့​​ ​​အောက်လက်ငယ်သား​​လဲ သူခိုး​​ဓါး​​ပြ​​ပေါ့​​။ ပြည်သူ​​တွေ ဆင်း​​ရဲတွင်း​​နက်ပြီး​​ စား​​ရမဲ့​​ ​​သောက်ရမဲ့​​ ဖြစ်​​နေချိန်မှာ ဗိုလ်ချုပ်အသိုင်း​​အဝိုင်း​​နဲ့​​ လက်​​ဝေခံစီး​​ပွား​​​ရေး​​သမား​​​တွေ တိုင်း​​ပြည် ဘဏ္ဍာကို ​​ပြောင်​​ပြောင်တင်း​​တင်း​​ ခိုး​​ယူကြီး​​ပွား​​ကုန်ပြီ။

“ပုတ်ရင်​​ပေါ် ဟုတ်ရင်​​ကျော်သတဲ့​​” တဆင့်​​စကား​​နဲ့​​ ကြား​​ရတဲ့​​ သတင်း​​​တွေထဲက တစ်ခုပဲ ​​ရေး​​ပြလိုက်တယ်။ ​​ကျောက်ဆည်မြို့​​နား​​က ဘဲလင်း​​နယ်မှာ ​​ဆေး​​ရုံ​​ဆောက်ဖို့​​ သိန်း​​(၆၀၀၀)တန် Project (ပ​​ရောဂျက်)တစ်ခု ရှိခဲ့​​သတဲ့​​။ ကျန်း​​မာ​​ရေး​​ဝန်ကြီး​​သား​​ဆိုသူက သူ့​​အ​​ဖေအရှိန်အဝါနဲ့​​ ပ​​ရောဂျက်ကို ဇွတ်ယူပြီး​​ တကယ်မလုပ်တဲ့​​ ​​ဆောက်လုပ်​​ရေး​​ကုမ္ပဏီတစ်ခုကို သိန်း​​(၄၅၀၀)နဲ့​​ ​​ရောင်း​​စား​​သတဲ့​​။ အဲ့​​ဒီကုမ္ပဏီကလည်း​​ ​​နောက်ကုမ္ပဏီတစ်ခုကို သိန်း​​(၃၀၀၀)နဲ့​​ ထပ်​​ရောင်း​​စား​​ သတဲ့​​။ ဟိုက ဖြတ်၊​ ဒီကလုနဲ့​​ တိုင်း​​ပြည်ဘဏ္ဍာ​​တွေ ​​လေလွင့်​​ ဆုံး​​ရှံုး​​​နေလိုက်တာ နှ​​မြောစရာ အလွန်​​ကောင်း​​တယ်။ ဗိုလ်ချုပ် သား​​သမီး​​ တူ-တူမ၊​ ဦး​​​လေး​​-အ​​ဒေါ် အမျိုး​​အ​​ဆွေအား​​လုံး​​ နိုင်ငံရဲ့​​ ဓနဥစ္စာ​​တွေ လုယက်ခိုး​​ဆိုး​​​နေကြတာ မြင်မ​​ကောင်း​​​လောက်​​အောင်ပါပဲ။

ပ​​ထွေး​​ဆိုး​​နဲ့​​တူ​​သော အစိုး​​ရ

​​နောက်တစ်ရက်မှာ မန္တ​​လေး​​စက်မှုဇုန်ကို မိတ်​​ဆွေတစ်ဦး​​နဲ့​​ လိုက်ကြည့်​​ဖြစ်ခဲ့​​တယ်။ မြို့​​သစ်ကဖြတ်ပြီး​​ စက်မှုဇုန်ကိုသွား​​တဲ့​​လမ်း​​ဟာ မပြုမပြင်ဘဲ ချိုင်း​​​တွေကျင်း​​​တွေ ပြည့်​​နှက်​​နေတာမို့​​ ၁ဝမိနစ်နဲ့​​ ​​ရောက်ရမယ့်​​ခရီး​​ကို ၄၅ မိနစ်​​လောက် ​​မောင်း​​ခဲ့​​ရတယ်။ အဲ့​​ဒါနဲ့​​ မိတ်​​ဆွေကို ဘာ​​ကြောင့်​​မို့​​ လမ်း​​မပြင်တာလဲလို့​​ ​​မေး​​ကြည့်​​​တော့​​ မန္တ​​လေး​​မြို့​​​တော်ဝန်ဆိုသူက ​​ပြောသတဲ့​​၊​ ဒီလမ်း​​ဟာ စီး​​ပွား​​​ရေး​​သမား​​​တွေသုံး​​တဲ့​​လမ်း​​၊​ ဒီ​​ကောင်​​တွေ တတ်နိုင်တယ်၊​ ပစ်ထား​​လိုက်ကွာလို့​​ ဆိုသတဲ့​​။ နိုင်ငံရဲ့​​ အဆင့်​​မြင့်​​အုပ်ချုပ်​​ရေး​​တာဝန်ယူထား​​သူတစ်ဦး​​က အ​​မျှော်အမြင်ကင်း​​မဲ့​​စွာ လက်လွှတ်စပယ် ဒီစကား​​​ပြောရိုး​​မှန်ရင် တိုင်း​​ပြည်အတွက် အလွန်ရင်​​လေး​​စရာ​​ကောင်း​​တယ်။ ဒီလမ်း​​ကို သုံး​​​နေရတဲ့​​ စီး​​ပွား​​​ရေး​​သမား​​​တွေနဲ့​​ ပြည်သူ​​တွေရဲ့​​ မလိုအပ်ဘဲ ဖြုန်း​​တီး​​ရတဲ့​​ အချိန်​​တွေနဲ့​​ လမ်း​​မ​​ကောင်း​​လို့​​ သယ်ယူပို့​​​ဆောင်​​ရေး​​ယာဉ်​​တွေ မလိုအပ်ဘဲ ပျက်စီး​​ဆုံး​​ရှုး​​မှု​​တွေဟာ တိုင်း​​ပြည်ရဲ့​​ ဆုံး​​ရှံုး​​မှု​​တွေပဲ။ ပြည်တွင်း​​လုပ်ငန်း​​ရှင်​​တွေ အဆင်​​ပြေ​​ပြေ လုပ်ကိုင်​​ဆောင်ရွက်နိုင်ဖို့​​ သူတို့​​စီး​​ပွား​​​ရေး​​လုပ်ငန်း​​​တွေ တိုး​​တက်ကြွယ်ဝမှုဟာ တိုင်း​​ပြည်ရဲ့​​ တိုး​​တက်ကြွယ်ဝမှုပဲဆိုတာ နိုင်ငံကို အုပ်ချုပ်သူ​​တွေ ရှင်း​​ရှင်း​​လင်း​​လင်း​​ မြင်နိုင်ရမယ်။

စင်္ကာပူနိုင်ငံမှာဆို အစိုး​​ရကိုယ်တိုင် အ​​လေး​​ဂရုပြုပြီး​​ အ​​သေး​​စား​​နဲ့​​ အလတ်စား​​ ပြည်တွင်း​​ လုပ်ငန်း​​ရှင်​​တွေကို ​​ထောက်ပံ့​​ကူညီဖို့​​ (SME- Small & Medium Enterprise)လို့​​​ခေါ်တဲ့​​ အဖွဲ့​​နဲ့​​ EDB (Economic Development Board) ဘုတ်အဖွဲ့​​ကို ဖွဲ့​​​ပေး​​ထား​​တယ်။ ​​ငွေလိုရင် ​​ငွေ​​ချေး​​တယ်။ နည်း​​ပညလိုရင် ​​ပေး​​တယ်။ Skill Development Plan ​​တွေနဲ့​​ သင်တန်း​​​တွေ​​ပေး​​တယ်။ အဲ့​​ဒီ အ​​သေး​​စား​​နဲ့​​ အလတ်စား​​လုပ်ငန်း​​​တွေဟာ အခုဆို အကြီး​​စား​​နဲ့​​ နိုင်ငံတကာ အဆင့်​​မီလုပ်ငန်း​​​တွေ ဖြစ်ကုန်ပြီ။ မိဘက သား​​သမီး​​ကို ပညာသင်​​ပေး​​၊​ ​​ကျောင်း​​ထား​​​ပေး​​၊​ အကြံဉာဏ်​​ပေး​​၊​ အရင်း​​နှီး​​ ထုတ်​​ပေး​​သလိုမျိုး​​​ပေါ့​​။ မိဘနဲ့​​တူ​​သော အစိုး​​ရဆိုတာ ပြည်တွင်း​​ စီး​​ပွား​​​ရေး​​လုပ်ငန်း​​ရှင်​​တွေကို ​​သေး​​ရာက ကြီး​​လာ​​အောင်၊​ ကြီး​​ရာက နိုင်ငံတကာအဆင့်​​ ​​ရောက်နိုင်ဖို့​​ ဘက်​​ပေါင်း​​စုံက ပံ့​​ပိုး​​ ကူညီ​​နေရမယ်။

ဗမာပြည်က စစ်အစိုး​​ရက​​တော့​​ ပြည်တွင်း​​လုပ်ငန်း​​ရှင်​​တွေ တိုး​​တက်ကြီး​​ပွား​​​အောင် ကူညီ အား​​​ပေး​​ရမယ့်​​အစား​​ လုပ်ငန်း​​​တွေ ​​နှောင့်​​​နှေး​​​အောင်၊​ မ​​ချော​​မွေ့​​​အောင် လုပ်​​နေကြတယ်။ တစ်ချို့​​ဆို အ​​နှောက်အယှက်​​ပေး​​ခံရတယ်။ ခြိမ်း​​​ခြောက်​​ငွေညစ်တာ ခံကြရတယ်။ ​​နေ​​ရောင်မရ၊​ ​​လောင်း​​ရိပ်မိပြီး​​ သင်း​​သပ်ခံထား​​ရတဲ့​​ အပင်​​တွေလိုပဲ။ တစ်ချို့​​ဆို ကြီး​​ထွား​​ခွင့်​​မရဘဲ ​​သေကုန် ကြတယ်။ ထင်ရှား​​တဲ့​​ ဥပမာက​​တော့​​ မုံရွာဘာဘူ​​စောင်လုပ်ငန်း​​ပဲ။ ဒါ​​တွေကိုကြည့်​​လိုက်ရင် လက်ရှိ စစ်အာဏာရှင်​​တွေဟာ ပ​​ထွေး​​ဆိုး​​နဲ့​​တူတဲ့​​ အစိုး​​ရဆိုတာ ငြင်း​​ခံ​​နေစရာ မလို​​တော့​​ဘူး​​။

ငရဲပြည်က အပြန်

၂၀၁၀ ခုနှစ်ကုန် အား​​လပ်ရက်​​လေး​​​တွေလည်း​​ အရင်နှစ်​​တွေအတိုင်း​​ စိတ်မချမ်း​​​မြေ့​​စရာ အနိဌာရုံ​​တွေ ၊​ စစ်ဓါး​​ပြ​​တွေရဲ့​​ အုပ်ချုပ်ဖျက်ဆီး​​မှု​​အောက်မှာ ဖွတ်ဖွတ်​​ကြေ​​နေတဲ့​​ တိုင်း​​ပြည်ရဲ့​​ စီး​​ပွား​​​ရေး​​ဘဝ၊​ လူမှု​​ရေး​​ဘဝ​​တွေကို ကိုယ်တိုင်ကိုယ်ကျ မြင်ရပြီး​​တဲ့​​​နောက် စိတ်ရှုပ်​​ထွေး​​ ​​နောက်ကျိစွာ ကုန်ဆုံး​​ခဲ့​​ရတယ်။ အပြန်ခရီး​​မှာ ​​ဖောက်ထား​​ပြီး​​စ ရန်ကုန် – မန္တ​​လေး​​ အမြန်လမ်း​​မကြီး​​ အတိုင်း​​ ပြန်လာရင်း​​ ရိုး​​မ​​တောင်တန်း​​ကြီး​​​တွေနဲ့​​ လှပတဲ့​​ ရှုခင်း​​အလှ​​တွေ မခံစား​​နိုင်ဘဲ ချွန်မြရှတ ​​နေတဲ့​​ ကွန်ကရစ်လမ်း​​မကြီး​​​ပေါ် ကိုယ့်​​ကား​​ရဲ့​​ ဘီး​​မကွဲဖို့​​၊​ ယာဉ်တိမ်း​​​မှောက် မသွား​​ဖို့​​ ဘုရား​​စာ ရွတ်ရင်း​​ ရင်တမမနဲ့​​ ပြန်လာခဲ့​​ရ​​တော့​​တယ်။

မင်း​​​ကောင်း​​ချစ်

LEAVE A REPLY

Please enter your comment!
Please enter your name here