အ​ရှေ့​ဂျေရုဆလင် ​ဒေသခံများ​ ရဲအဖွဲ့​၏ အနိုင်ကျင့်​မှုကြံု​နေရ

alt

အစ္စ​ရေး​ရှိ လူ့​အခွင့်​အ​ရေး​ အဖွဲ့​အစည်း​တစ်ခုက အ​ရှေ့​ဂျေရုဆလင်ရှိ ​ဒေသခံများ​သည် ရဲများ​၏ အကြမ်း​ပတမ်း​ လုပ်​ဆောင်မှုများ​နှင့်​ ကြံု​တွေ့​နေရ​ကြောင်း​ စွပ်စွဲခဲ့​သည်။

အစ္စ​ရေး​၏ ၁၉၆၇ ခုနှစ်တွင် အ​ရှေ့​ဂျေရုဆလင်ကို သိမ်း​ယူခဲ့​သည့်​ နှစ်ပတ်လည်​နေ့​အကြို ထုတ်ပြန်ခဲ့​သော စစ်တမ်း​အရ လူ့​အခွင့်​အ​ရေး​ ချိုး​ဖောက်မှုများ​ အဆိုပါ ​ဒေသတွင် ရှိ​နေ​ကြောင်း​ ပြည်သူ့​အခွင့်​အ​ရေး​အဖွဲ့​ကဆိုသည်။ ​ဂျေရုဆလင် ရဲတပ်ဖွဲ့​သည် ​ဒေသခံများ​ကို ကူညီကာကွယ်ရမည့်​အစား​ ဆန့်​ကျင်ဖက် လုပ်​ဆောင်ချက်များ​ကိုသာ ​ဆောင်ရွက်​နေ​ကြောင်း​ ယင်း​အဖွဲ့​က စွပ်စွဲခဲ့​သည်။ ​

ဂျေရုဆလင် ရဲတပ်ဖွဲ့​ အကြီး​အကဲ နစ်ဆိုရှာဟမ်၏ တပ်ဖွဲ့​များ​သည် အ​ရှေ့​ဂျေရုဆလင်တွင် လူထုဆန္ဒပြမှုများ​ကို အင်အား​သုံး​ ဖြိုခွဲခဲ့​ကြောင်း​ ယင်း​အဖွဲ့​ စစ်တမ်း​တွင် ​ဖော်ပြထား​သည်။ ပါလက်စတိုင်း​တို့​၏ ​နေ့​စဉ်ကြံု​တွေ့​ဖြစ်သန်း​နေရ​သော ဘဝတွင် လူ့​အခွင့်​အ​ရေး​ ချိုး​ဖျက်မှုများ​ ကြံု​နေရခြင်း​သည် မဖြစ်သင့်​ဟုလည်း​ ယင်း​အဖွဲ့​ကဆိုသည်။

အစ္စ​ရေး​အ​နေနှင့်​ အ​ရှေ့​ဂျေရုဆလင်ကို ပါလက်စတိုင်း​လက် လွှဲ​ပေး​ရန် ​တောင်း​ဆိုမှုများ​ကို ပြတ်ပြတ်သား​သား​ ငြင်း​ဆန်ပယ်ချထား​ပြီး​ ပါလက်စတိုင်း​တို့​က ယင်း​ကို ဆန္ဒပြ ​တောင်း​ဆိုမှုများ​ ပြုလုပ်ခဲ့​ကြသည်။

​ဂျေရုဆလင် ရဲတပ်ဖွဲ့​က ယခုစစ်တမ်း​တွင် ပါဝင်​သော ရဲများ​က ပစ်ခတ်မှုများ​ ပြုလုပ်ခဲ့​ကြောင်း​ သတင်း​များ​ကိုမူ ငြင်း​ဆိုထား​သည်။ အစ္စ​ရေး​သည် ၁၉၆၇ ခုနှစ်၊​ ဇွန်လ ရ ရက်​နေ့​ ၆ ရက်စစ်ပွဲအပြီး​ အ​ရှေ့​ဂျေရုဆလင်ကို သိမ်း​ယူထား​ခဲ့​ခြင်း​ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here