အမျိုး​သား​သုံး​ သ​န္ဓေတား​ဆေး​ အ​မေရိကန် သိပ္ပံပညာရှင်များ​တီထွင်

alt

အ​မေရိကန်နိုင်ငံမှ သိပ္ပံပညာရှင်များ​သည် အမျိုး​သား​များ​ အသုံး​ပြုနိုင်မည့်​ သ​န္ဓေတား​ဆေး​ တစ်မျိုး​ကို စမ်း​သပ်တီထွင်​နေ​ကြောင်း​ သိရသည်။

နယူး​ယောက်မြို့​ရှိ ကိုလံဘီယာ တက္ကသိုလ်မှ သု​တေသီများ​က ယခု​ဆေး​ဝါး​သည် ကာလတို တစ်ခုအတွင်း​ သုက်ပိုး​လွှတ်ခြင်း​ကို တား​ဆီး​ပေး​ပြီး​ ​ရေရှည်အတွက် မျိုး​ပွား​နိုင်စွမ်း​ကို ထိခိုက်မှု ရှိမည်မဟုတ်​ကြောင်း​ ရှင်း​ပြခဲ့​သည်။ ကမ္ဘာအရပ်ရပ်မှ သိပ္ပံပညာရှင်များ​သည် အမျိုး​သား​များ​ သုံး​စွဲနိုင်မည့်​ သ​န္ဓေတား​ဆေး​များ​ကို ကာလရှည်ကြာစွာ တီထွင်​နေကြ​သော်လည်း​ လက်ရှိအချိန်ထိ မ​အောင်မြင်​သေး​ပေ။

ယခု​ဆေး​သစ်သည် သုက်ပိုး​ထုတ်ခြင်း​ကို အဓိက အား​ပေး​သည့်​ ဗီတာမင်​အေကို ခန္ဓာကိုယ်အတွင်း​ ထိန်း​ကွပ်ထား​လိုက်မည်ဟု သိရသည်။ အမျိုး​သား​များ​ အသုံး​ပြုနိုင်မည့်​ သ​န္ဓေတား​ဆေး​ အမျိုး​မျိုး​ကို တီထွင်​နေ​သော်လည်း​ အများ​စုသည် ​သောက်​ဆေး​မဟုတ်ဘဲ ထိုး​ဆေး​များ​သာ ဖြစ်​နေသည်။

ကိုလံဘီယာ တက္ကသိုလ်၏ ​ဆေး​ပညာစင်တာမှ သု​တေသန အဖွဲ့​၏ ​ခေါင်း​ဆောင်ဖြစ်သူ ဒီဘရာ ဝူဂျီမတ်က လက်တ​လော စမ်း​သပ်ချက်များ​အရ တီထွင်သု​တေသနပြုသည့်​ ​ဆေး​တွင် ​ဘေး​ထွက်ဆိုး​ကျိုး​များ​ မရှိ​ကြောင်း​ ​ပြောဆိုခဲ့​သည်။ ​ဆေး​အား​ စမ်း​သပ်မှုသည် ကနဦး​ အဆင့်​တွင်သာ ရှိ​သေး​သော်လည်း​ တိုး​တက်ဖြစ်ထွန်း​မှု အလွန်လျင်မြန်​နေ​ကြောင်း​လည်း​ သူမက ရှင်း​ပြသွား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here