အမျိုး​သမီး​ထင်မှတ်ကာ အမျိုး​သား​ပြည့်​တန်ဆာကို ​ခေါ်ယူမိသည့်​ တရုတ်အမျိုး​သား​ ဒုက္ခ​တွေ့​ရ

alt

ကိုယ်စီး​သည့်​မြင်း​ အထီး​မှန်း​၊​ အမမှန်း​ မသိခဲ့​သည့်​ ကိစ္စအတွက် တရုတ်အမျိုး​သား​တစ်ဦး​ အလွန်တုန်လှုပ်​နေ​ကြောင်း​ သိရသည်။

ဇန်ဟုသာ အမည်​ဖော်ပြ​သော အသက် ၃၈ နှစ်အရွယ် အမျိုး​သား​သည် ဂွမ်ဇီး​ရှိ လီဇူး​မှ ဂျီယန်ဘင်ဥယျာဉ်တွင် အမျိုး​သမီး​ တစ်ဦး​နှင့်​ ​တွေ့​ဆုံခဲ့​သည်။ မှိန်​ဖျော့​ဖျော့​ အလင်း​ရောင်​အောက်တွင် အဆိုပါ အမျိုး​သမီး​သည် အလွန်ကြည့်​ကောင်း​နေပြီး​ ဇန်သည် အမျိုး​သမီး​နှင့်​ ညှိနှိုင်း​ကာ လိင်ဆက်ဆံမှု တစ်ကြိမ်အတွက် ယွမ်​ငွေ ၆၀ နှင့်​ သ​ဘောတူညီမှု ရရှိခဲ့​သည်။

၎င်းတို့​သည် ​နောက်​ဖေး​လမ်း​ကြား​ အခန်း​တစ်ခုတွင် လိင်ဆက်ဆံ​နေစဉ် ရဲများ​က အလစ်ဝင်​ရောက် ဖမ်း​ဆီး​ခဲ့​သည်။ ဇန်သည် ပြူတင်း​ပေါက်မှ ခုန်ချကာ ထွက်​ပြေး​ခဲ့​သော်လည်း​ ရဲများ​က ၎င်းကို ဖမ်း​မိခဲ့​သည်။ တန်ဟုသာ အမည်​ဖော်ပြ​သော ပြည့်​တန်ဆာ အမျိုး​သမီး​မှာ အခန်း​ထဲတွင်ပင် ဖမ်း​မိခဲ့​သည်။ နှစ်ဦး​လုံး​ကို ရဲစခန်း​တွင် ​ခေါ်ယူစစ်​ဆေး​သည့်​ အခါတွင်မှ ဇန်တစ်​ယောက် ​ခေါင်း​မီး​တောက်ရခြင်း​ဖြစ်သည်။

တန်သည် အမျိုး​သမီး​ တစ်ဦး​မဟုတ်ဘဲ ၄၂ နှစ်အရွယ် ​ယောက်ျား​စစ်စစ်ကြီး​ ဖြစ်​နေ​ကြောင်း​ သိလာရ၍ဖြစ်သည်။ မိမိ​လောက် မိုက်မဲသူ မရှိဟု ဇန်က ငြီး​တွား​ခဲ့​သည်။ ​မှောင်မည်း​နေချိန်တွင် အမျိုး​သမီး​ဟုသာ ထင်ခဲ့​ကြောင်း​ ၎င်းက ဝန်ခံခဲ့​သည်။ ​ယောက်ျား​ချင်း​ လိမ်လည်မှုကို ခံရခြင်း​အတွက် ခံပြင်း​ကြောင်း​လည်း​ ဇန်ကဆိုသည်။ တန်သည် ထိုကဲ့​သို့​ ပြည့်​တန်ဆာ လုပ်ကိုင်ပြီး​ တစ်လလျင် ယွမ်​ငွေ ၈၀၀ မှ ၁ဝဝဝ ခန့်​ထိ ရရှိတတ်​ကြောင်း​ သိရသည်။

လီဇူး​မှ ရဲများ​သည် ပြီး​ခဲ့​သည့်​ သီတင်း​ပတ်ကလည်း​ အမျိုး​သား​တစ်ဦး​၊​ အမျိုး​သမီး​တစ်ဦး​တို့​ကို ပြည့်​တန်ဆာမှုဖြင့်​ ဖမ်း​ဆီး​ခဲ့​ပြီး​ ၎င်းတို့​ထံမှ ကွန်ဒုံး​များ​၊​ အပြာရုပ်ရှင်​ခွေများ​နှင့်​ ကာမအား​ပေး​သည့်​ ​ဆေး​တောင့်​များ​ကို သိမ်း​ဆည်း​ရမိခဲ့​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here