​ကျောင်း​သူဘဝတွင် မိန်း​မပျက်ဟု အ​ခေါ်ခံရဖူး​ကြောင်း​ ​လေဒီဂါဂါ​ပြောကြား​

alt

​လေဒီဂါဂါက သူမသည် ​ကျောင်း​သူဘဝက မိန်း​မပျက်ဟုပင် ​ခေါ်​ဝေါ်ခိုင်း​နှိုင်း​ ခံရဖူး​ကြောင်း​ ​ပြောကြား​ခဲ့​သည်။

သူမအ​နေနှင့်​ အဆို​တော် တစ်ဦး​အဖြစ် ​အောင်မြင်လာချိန်တွင် အမျိုး​မျိုး​ ​ဝေဖန်မှုများ​ ကြံု​နေရ​သော်လည်း​ မတုန်လှုပ်​ကြောင်း​ ဂါဂါကဆိုသည်။ သူမသည် ​ကျောင်း​တွင် မိန်း​မပျက် တစ်ဦး​အဖြစ်ပင် အ​ပြောအဆို ခံရခြင်း​ကြောင့်​ ထိုသို့​သော ကိစ္စများ​မှာ အသား​ကျ​နေပြီဖြစ်​ကြောင်း​ ဂါဂါက ဖွင့်​ဟခဲ့​သည်။ ထူး​ထူး​ဆန်း​ဆန်း​ ​တွေး​ခေါ်သလို ထူး​ထူး​ဆန်း​ဆန်း​လည်း​ ဝတ်ဆင်တတ်သည့်​ ဂါဂါက သူမသည် အိပ်ချိန်တွင်ပင် မိတ်ကပ်လိမ်း​ကာ အိပ်​လေ့​ရှိ​ကြောင်း​လည်း​ ဆိုသည်။

ထိုသို့​ ဖြစ်ရသည်မှာ အိပ်မက်ထဲတွင် သူမနှင့်​ ​တွေ့​ဆုံမည့်​ အမျိုး​သား​အတွက် အဆင်သင့်​ ဖြစ်​နေ​စေရန်ဟု Popဂီတ စတား​တစ်ဦး​ဖြစ်​သော ဂါဂါက ​ပြောကြား​ခဲ့​သည်။ သို့​သော်လည်း​ သူမသည် မျက်နှာမသစ်ဘဲ ​နေတတ်သူ​တော့​ မဟုတ်​ကြောင်း​ ရယ်ရယ်​မော​မော ​ပြောဆိုခဲ့​သေး​သည်။

Poker Faceစတား​ ဂါဂါသည် သူမ၏ ဂီတထူး​ချွန်မှုအပြင် ထူး​ခြား​သော ဖက်ရှင်ဖန်တီး​မှုများ​ကြောင့်​ပါ နာမည်​ကျော်သူဖြစ်ပြီး​ အသား​စိမ်း​ဖြင့်​ ချုပ်ထား​သောဝတ်စုံ၊​ ကွန်ဒုံး​ပုံဝတ်စုံများ​ကြောင့်​ လူအများ​ကြား​ အံ့​ဩစရာများ​ ဖြစ်​စေခဲ့​ဖူး​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here