​တောင်အာဖရိက ကြွက်ကြီး​များ​ ​ကြောက်စရာ​ကောင်း​အောင် ​သောင်း​ကျန်း​

alt

​တောင်အာဖရိက နိုင်ငံတွင် အလွန်ကြီး​မား​သော ကြွက်ကြီး​များ​ ​သောင်း​ကျန်း​မှု​ကြောင့်​ ​သေဆုံး​မှုများ​ ဖြစ်​ပေါ်​နေ​ကြောင်း​ သိရသည်။

အနည်း​ဆုံး​ က​လေး​ ၂ ဦး​ခန့်​သည် ကြွက်ကြီး​များ​ ကိုက်ခဲမှု​ကြောင့်​ ​သေဆုံး​ခဲ့​ကြောင်း​ သတင်း​များ​ကဆိုသည်။ ကြွက်ကြီး​များ​သည် အမြီး​ထိ ၃ ​ပေမျှ ရှည်​လေ့​ရှိပြီး​ အာဖရိကန် ကြွက်ဘီလူး​များ​ဟု ​ခေါ်သည်။ ၎င်းတို့​သည် ကမ္ဘာ​ပေါ်တွင် အကြီး​ဆုံး​ ကြွက်များ​ဖြစ်ပြီး​ ​ရှေ့​သွား​များ​သည် တစ်လက်မမျှ အရှည်ရှိကြသည်။

ယင်း​ကြွက်များ​သည် အနည်း​ဆုံး​ မိန်း​က​လေး​ က​လေး​ငယ် ၂ ဦး​မျှကို ကိုက်သတ်ခဲ့​ပြီး​ဖြစ်သည်။ အသတ်ခံရ​သော က​လေး​ငယ် တစ်ဦး​မှာ မျက်နှာတစ်ခုလုံး​ စုတ်ပြတ်ပြီး​ မျက်လုံး​များ​ပင် ထွက်​နေ​ကြောင်း​ သတင်း​များ​က ​ဖော်ပြခဲ့​သည်။ ယခုကြွက်ဘီလူး​များ​သည် ညဖက်တွင် ကျက်စား​လေ့​ရှိပြီး​ တိရစ္ဆာန်ငယ်များ​နှင့်​ အပင်များ​ကို စား​သောက်​လေ့​ရှိသည်။

၎င်းတို့​သည် က​လေး​ငယ်များ​ကို သား​ကောင်သဖွယ် သ​ဘောထား​ကာ တိုက်ခိုက်​လေ့​ရှိခြင်း​ဟု ကျွမ်း​ကျင်သူများ​ကဆိုသည်။ သို့​သော် ကြွက်ဘီလူး​များ​၏ အတင့်​ရဲမှုသည် ပိုမိုဆိုး​ရွား​လာခဲ့​ပြီး​ ပြီး​ခဲ့​သောလက အသက် ရ၇ နှစ်အရွယ် အဖွား​အို တစ်ဦး​ကိုပင် မျက်နှာကို ဝင်​ရောက်ကိုက်ခဲမှု​ကြောင့်​ အဖွား​အိုခမျာ အသက်ဆုံး​ရှံုး​သွား​ကြောင်း​ သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here