​ကော်ဖီအ​သောက်များ​သူများ​ အကြား​အာရုံ လွဲမှား​မှုဖြစ်တတ်

alt

​ကော်ဖီကို ​နေ့​စဉ်လွန်ကျွံစွာ ​သောက်သုံး​ခြင်း​သည် အကြား​အာရုံ မှား​ယွင်း​မှုများ​ ဖြစ်​ပေါ်​စေတတ်​ကြောင်း​ သု​တေသီများ​က ​ပြောကြား​လိုက်သည်။

တစ်​နေ့​လျင် ​ကော်ဖီ ၅ ခွက်နှင့်​အထက် ​သောက်သူများ​သည် အမှန်တကယ် မရှိ​သော အသံများ​ကို ကြား​နေ​လေ့​ရှိ​ကြောင်း​ သု​တေသီများ​ကဆိုသည်။ လက်​တွေ့​စမ်း​သပ်ချက်များ​ ပြုလုပ်ပြီး​နောက် ကဖိန်း​ဓာတ် မြင့်​မား​စွာ ​နေ့​စဉ်သုံး​စွဲ​နေခြင်း​သည် အကြား​အာရုံ မှား​ယွင်း​မှုများ​ထံ ဦး​တည်သွား​နိုင်​ကြောင်း​ ​ဖော်ထုတ်နိုင်ခဲ့​သည်။

ပညာရှင်များ​က ကဖိန်း​ဓာတ်သည် အ​ခြေခံ အကျဆုံး​ စိတ်တက်ကြွ​ဆေး​ တစ်ခုအဖြစ် ညွှန်း​ဆိုခဲ့​သည်။ ယခုစမ်း​သပ်မှုတွင် လူ​ပေါင်း​ ၉၂ ဦး​တို့​ ​စေတနာအ​လျောက် ပါဝင်ခဲ့​ကြောင်း​ ဩစ​တြေး​လျနိုင်ငံ၊​ မဲဘုန်း​တက္ကသိုလ်မှ ပ​ရော်ဖက်ဆာ ဆီမွန်ခရိုဝီကဆိုသည်။ ၎င်းတို့​သည် White Christmas သီချင်း​ကို အမှန်တကယ် ဖွင့်​မထား​သော်လည်း​ ​ကော်ဖီအလွန်အကျွံ ​သောက်ထား​သူများ​ကို ​မေး​မြန်း​ခဲ့​ရာ အမှန်တကယ် ဖွင့်​ထား​သည်ဟု ထင်မြင်ယူဆ​နေ​ကြောင်း​ ရှင်း​ပြခဲ့​သည်။

ယခု​တွေ့​ရှိချက်သည် စိတ်ပိုင်း​ဆိုင်ရာ ​ဝေဝါး​မှုကို ကဖိန်း​ဓာတ်က လှံု့​ဆော်​ပေး​လိုက်ခြင်း​နှင့်​ ဆက်စပ်​နေ​ကြောင်း​ ခရိုဝီကဆိုသည်။ သု​တေသီများ​က တစ်​နေ့​လျင် ​ကော်ဖီ ၅ ခွက်ထက် ပို​သောက်ခြင်း​ မပြုသင့်​ကြောင်း​ အကြံပြုခဲ့​သည်။ ခရိုဝီက ကဖိန်း​ဓာတ်သည် စိတ်နှင့်​ပတ်သက်ပြီး​ သိသာ​သော သက်​ရောက်မှုမျိုး​ ဖြစ်​စေ​သော်လည်း​ စိုး​ရိမ်စရာ အ​ခြေအ​နေမျိုး​မူ မရှိနိုင်​ကြောင်း​ ​ပြောဆိုသွား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here