ကြံခိုင်မှုပြည့်​ဝ​စေရန် ဖား​သား​ဖျော်ရည်​သောက်သုံး​ကြောင်း​ ပက်ဂျီဆန်​ပြောကြား​

alt

ကမ္ဘာ​ကျော် ​ဘောလုံး​ကလပ်အသင်း​ တစ်ခုဖြစ်​သော မန်ချက်စတာ ယူနိုက်တက် ကစား​သမား​ ပက်ဂျီဆန်က ၎င်းသည် ကြံ့​ခိုင်မှု ခွန်အား​ ပြည့်​ဝထက်မြက်ရန် ဖား​ သား​ဖျော်ရည်ကို ​သောက်ခဲ့​ကြောင်း​ ​ပြောကြား​လိုက်သည်။

ဥ​ရောပ ချန်ပီယံလိဂ် ဆုဖလား​ကို ရရှိဖူး​သည့်​ တစ်ဦး​တည်း​သော အာရှသား​လည်း​ဖြစ်​သော ​ တောင်ကိုရီး​ယား​ လက်​ရွေး​စင်​ဟောင်း​ ပက်သည် ကွင်း​ထဲတွင် မ​မောနိုင်၊​ မပမ်း​နိုင် ​ပြေး​လွှား​နေနိုင်သူ တစ်ဦး​ဖြစ်သည်။ ၎င်းက ငယ်စဉ်အချိန်တွင် ခန္ဓာကိုယ် ​သေး​ သွယ်ကြံုလှီသဖြင့်​ ကမ္ဘာ့​အဆင့်​ ​ဘောလုံး​သမား​တစ်ဦး​ ဖြစ်လာနိုင်ရန် ခက်ခဲ​နေခဲ့​ကြောင်း​ ဝန်ခံခဲ့​သည်။

ပက်၏ ဖခင်သည် ဆူဝမ်မှ​နေ၍ ဂို​ဟောင်ထိ သွား​ရောက်ကာ လယ်ကွင်း​များ​ထဲမှ ဖား​များ​ကို ဖမ်း​ဆီး​ခဲ့​သည်။ ထို့​နောက် သား​ဖြစ်သူအတွက် အလွန်ထူး​ခြား​သော ပရိုတိန်း​အား​ဖြင့်​ ​ဖျော်ရည်တစ်မျိုး​ကို စီမံ​ပေး​ခဲ့​သည်။ ယခုအခါ အသက် ၂၉ နှစ် ရှိပြီဖြစ်​သော ပက်က ဖခင်သည် မိမိအား​ အလွန်ပိန်လှီ ​ဖျော့​တော့​နေခြင်း​ကို အား​မရ​ကြောင်း​၊​ ထို့​ကြောင့်​လည်း​ ဖား​သား​ဖျော်ရည်ကို စနစ်တကျ တိုက်ခဲ့​ခြင်း​ဖြစ်​ကြောင်း​ ရှင်း​ပြခဲ့​သည်။

ပက်၏ ဖခင်သည် ဖား​များ​ကို ကိုယ်တိုင်ဖမ်း​ခဲ့​ခြင်း​ဖြစ်သည်။ ပက်က ထိုအရည်သည် အရသာ အလွန်အလွန်ဆိုး​ကြောင်း​၊​ သို့​ သော်လည်း​ ​ဘောလုံး​သမား​တစ်ဦး​ ဖြစ်ချင်သည့်​စိတ်ဖြင့်​ ကြိတ်မှိတ်၍ မြိုချခဲ့​ကြ​ကြောင်း​၊​ ​နောက်ပိုင်း​တွင် မိမိ၏ ကျန်း​မာ​ရေး​နှင့်​ ကြံ့​ခိုင်မှု သိသာစွာ မြင့်​ တက်လာသည့်​အတွက် အံ့​ဩမိခဲ့​ကြောင်း​လည်း​ ဝန်ခံသွား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here