နဝမ​မြောက် အိမ်​ထောင်ပြုမည့်​ ဆာဘီး​ယား​အမျိုး​သမီး​

alt

ဆာဘီး​ယား​နိုင်ငံမှ အမျိုး​သမီး​ တစ်ဦး​သည် သူမဘဝ၏ နဝမ​မြောက် သတို့​သား​ကို ​တွေ့​ရှိသွား​ခဲ့​သည်။ ပတ်ဟစ်ဂင်သည် အသက် ၂၄ နှစ်အရွယ် စူပါမား​ကက် အလုပ်သမား​ မတ်ဆန်ဒါဆန်ကို လက်ထပ်ခဲ့​ခြင်း​ဖြစ်သည်။

အသက် ၅၆ နှစ်ရှိ သတို့​သမီး​ထက် ဆန်ဒါဆန်က ၃၂ နှစ် ပိုငယ်​နေ​သေး​သည်။ ပတ်က သူမ၏ ​ရှေ့​အိမ်​ထောင် ရှစ်ဆက် ပြိုကွဲခဲ့​သော်လည်း​ လက်ထပ်ရန် စိတ်မကုန်​သေး​ဟုဆိုသည်။ သူမသည် မတ်၏ မိခင်ထက်ပင် ရ နှစ် အသက်ပိုကြီး​နေ​သေး​သည်။ ထို့​အပြင် မတ်ကို မ​မွေး​မီကတည်း​က အိမ်​ထောင်သုံး​ဆက် ကျခဲ့​ပြီး​ဖြစ်သည်။

ပီဇာပို့​ဆောင်ရင်း​ မတ်နှင့်​ ​တွေ့​ဆုံရာမှ ယင်း​တို့​၏ အချစ်ဇာတ်လမ်း​ စတင်ခဲ့​ကြောင်း​ ​မေလ ၃၁ ရက်​နေ့​က လက်ထပ်ခဲ့​သည့်​ သတို့​သမီး​က ​ပြောကြား​ခဲ့​သည်။ ယခုလက်ထပ်ပွဲသို့​ ပရိသတ် ၂၀ မျှ တက်​ရောက်ခဲ့​ပြီး​ လက်ထပ်လက်စွပ်ကို ဘယ်ညာမှား​စွပ်သဖြင့်​ ပွဲကျစရာ ဖြစ်ခဲ့​သေး​သည်။ ဧည့်​ပရိသတ် တစ်ဦး​က ပတ်ဖက်မှ ဧည့်​သည်အများ​စု တက်​ရောက်ပြီး​ မတ်၏ မိတ်​ဆွေဟူ၍ မရှိသ​လောက်ပင်ဖြစ်​ကြောင်း​ ​ပြောကြား​ခဲ့​သေး​သည်။

ပတ်သည် ခင်ပွန်း​တစ်ဦး​နှင့်​ အချိန်အကြာဆုံး​အဖြစ် ၅ နှစ်​ပေါင်း​ခဲ့​ပြီး​ အချိန်အတိုဆုံး​ ​ပေါင်း​ခဲ့​သည်မှာ ၅ ရက်ဖြစ်သည်။ သူမသည် လက်ရှိတွင် ဒီဂရီတစ်ခု ရယူရန် တက္ကသိုလ် တက်​နေဆဲဖြစ်သည်။

ပက်က မိမိကို လူအများ​က ​ယောက်ျား​များ​ကို သိမ်း​သွင်း​ဖမ်း​ယူ​နေသည်ဟု စွပ်စွဲ​နေခြင်း​သည် ရက်စက်လွန်း​ကြောင်း​၊​ မိမိသည် အိမ်​ထောင်ပြုခဲ့​သည့်​ အကြိမ်တိုင်း​ အ​ကောင်း​မြင် ​မျှော်လင့်​ခဲ့​သည်သာဖြစ်​ကြောင်း​ ​ပြောကြား​သွား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here