​ရေချိုး​နေသည့်​ အမျိုး​သမီး​ကို ဗီဒီယိုရိုက်သည့်​ စစ်သား​အား​ ​ထောင်ဒဏ်ချမှတ်

alt

အမျိုး​သမီး​တစ်​ယောက် ​ရေချိုး​နေသည်ကို ဗီဒီယို ရိုက်ခဲ့​သော စစ်မှုထမ်း​တစ်ဦး​သည် ​ထောင်ဒဏ် ၂ ပတ် ချမှတ်ခြင်း​ ခံလိုက်ရသည်။

စင်္ကာပူ လက်နက်ကိုင်တပ်ဖွဲ့​ တပ်ကြပ်ကြီး​တစ်ဦး​သည် အသက် ၂၇ နှစ်အရွယ် အမျိုး​သမီး​ တစ်ဦး​၏ ကိုယ်​ရေး​ကိုယ်တာ ကိစ္စကို ချိုး​ဖောက်ခဲ့​ကြောင်း​ စွပ်စွဲခံရသည်။ ပြီး​ခဲ့​သည့်​နှစ်၊​ ဇူလိုင်လက ၎င်း၏ ချစ်သူ၏ အစ်မဖြစ်သူ အမျိုး​သမီး​၏ တိုက်ခန်း​အတွင်း​ ဗီဒီယို ရိုက်ခဲ့​ခြင်း​ဖြစ်သည်။

အမည်​ဖော်မပြထား​သော အသက် ၂၇ နှစ်ရှိ တပ်ကြပ်ကြီး​က ယင်း​ လုပ်ရပ်ကို ဝန်ခံထွက်ဆိုခဲ့​သည်။ သူမ၏ တိုက်ခန်း​သို့​ အဆိုပါ တပ်ကြပ်ကြီး​ ​ရောက်လာစဉ်က ကွန်ပျူတာဂိမ်း​ ကစား​နေသဖြင့်​ သူမသည် ​နောက်ဖက်​ရေချိုး​ခန်း​တွင် ​ရေဝင်ချိုး​နေခဲ့​ကြောင်း​၊​ တပ်ကြပ်ကြီး​က မိုဘိုင်း​ဖုန်း​ ကင်မရာဖြင့်​ ဗီဒီယို ရိုက်ခဲ့​ကြောင်း​ အမျိုး​သမီး​ကဆိုသည်။

စက်တင်ဘာလကတည်း​က အဆိုပါ ကိစ္စအတွက် တပ်ကြပ်ကြီး​မှာ တာဝန်မှ ရပ်ဆိုင်း​ခံရပြီး​ ယင်း​ကမူ ထိုပြစ်မှုသည် အ​သေး​အမွှား​သာဖြစ်​ကြောင်း​ တုန့်​ပြန်​ပြောဆိုထား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here