အစ္စ​ရေး​တပ်ဖွဲ့​များ​ ပစ်ခတ်မှု​ကြောင့်​ ပါလက်စတိုင်း​ဆန္ဒပြသူ အနည်း​ဆုံး​ ၂ဝ​ကျော်​သေဆုံး​

alt

အစ္စ​ရေး​တို့​က ပါလက်စတိုင်း​ ဆန္ဒပြသူများ​ကို ပစ်ခတ်ခဲ့​ရာ အနည်း​ဆုံး​ လူ ၂၀ ​ကျော် ​သေဆုံး​ကြောင်း​ သတင်း​များ​က ​ဖော်ပြခဲ့​သည်။

နယ်စပ်တွင် အစ္စ​ရေး​တို့​အား​ ဆန္ဒပြသူများ​ကို ​မေလ ၅ ရက်​နေ့​က အစ္စ​ရေး​ တပ်ဖွဲ့​များ​က ပစ်ခတ်ခဲ့​ပြီး​ ​နောက်ထပ် လူ ၃၂၅ ဦး​ ဒဏ်ရာများ​ ရရှိခဲ့​ကြောင်း​ ဆီး​ရီး​ယား​ကဆိုသည်။ အဆိုပါ ဆန္ဒပြသူများ​သည် ဆီး​ရီး​ယား​ နယ်နိမိတ်ကို ဖြတ်​ကျော်ကာ အစ္စ​ရေး​မြေသို့​ ဝင်​ရောက်ခဲ့​ခြင်း​ဟု သိရသည်။ ဆန္ဒပြသူများ​သည် ၁၉၆၇ ခုနှစ် ​ခြောက်ရက်စစ်ပွဲအတွင်း​ အစ္စ​ရေး​က သိမ်း​ယူထား​သည့်​ ဂိုလမ်ကုန်း​ပြင်မြင့်​မှ ပြန်လည်ဆုတ်ခွာ​ရေး​ ဆန္ဒပြခဲ့​ခြင်း​ဟုဆိုသည်။

အစ္စ​ရေး​တပ်ဖွဲ့​က နယ်စပ်စည်း​ကြောင်း​ကို အခွင့်​မရှိ ​ကျော်ဖြတ်လာသူ မည်သူကိုမဆို ပစ်မည်ဟု ​ကြေညာခဲ့​သော်လည်း​ ဆန္ဒပြသူများ​က လက်မခံဘဲ အတင်း​တိုး​ဝင်လာစဉ် စတင်ပစ်ခတ်ခဲ့​ခြင်း​ဟုဆိုသည်။

ဆန္ဒပြသူများ​သည် နယ်စပ်အနီး​သို့​ ဘတ်စ်ကား​များ​ဖြင့်​ ​ရောက်လာပြီး​ လူ ၁၀၀၀ ​ကျော် ပါဝင်ခဲ့​ခြင်း​ဖြစ်သည်။ အစ္စ​ရေး​က ဆန္ဒပြသူများ​အနက် ​ရှေ့​ဆုံး​မှ ဦး​ဆောင်ပြီး​ နယ်စပ်အတား​အဆီး​များ​ကို ​ကျော်ဖြတ်လာ​သော ပါလက်စတိုင်း​ လူငယ်များ​ကို ဆီး​ကြိုပစ်ခတ်ခဲ့​ခြင်း​ဟု သိရသည်။

အစ္စ​ရေး​နိုင်ငံ ၁၉၄၈ ခုနှစ်တွင် စတင်ထူ​ထောင်​သော နှစ်ပတ်လည် အထိမ်း​အမှတ်​နေ့​ ကျ​ရောက်သည့်​ ပြီး​ခဲ့​သည့်​လကလည်း​ အဆိုပါ နယ်ခြား​ဒေသတွင် ဆန္ဒပြမှုများ​ ဖြစ်ခဲ့​သေး​ကြောင်း​ သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here