ဆင်း​ရဲသား​များ​ကို ကူညီသည့်​ ​ဟောင်​ကောင်မှ လျှို့​ဝှက်အမျိုး​သမီး​

alt

​ဟောင်​ကောင်မှ ဆွဲ​ဆောင်မှုရှိ​သော အမျိုး​သမီး​ တစ်ဦး​သည် သူရဲ​ကောင်း​ တစ်ဦး​အသွင်ဖြင့်​ ဆင်း​ရဲသား​များ​ကို ကူညီ​ဆောင်ရွက်မှု ပြုလုပ်​နေ​ကြောင်း​ သိရသည်။

သူမသည် အထူး​သဖြင့်​ ညပိုင်း​များ​တွင် ကြပ်ညပ်​သေး​ငယ်​သော ဆင်း​ရဲသား​ အိမ်​လေး​များ​သို့​ သွား​ရောက်ကာ အစား​အ​သောက်နှင့်​ ​ငွေ​ကြေး​များ​ ​ပေး​ကမ်း​လေ့​ရှိသည်။ မျက်နှာဖုံး​စွပ် လှုပ်ရှား​လေ့​ရှိသည့်​ အမျိုး​သမီး​က သူမ၏ အမည်ကို ထုတ်​ဖော်​ပြောဆိုလိုခြင်း​ မရှိ​ကြောင်း​ ငြင်း​ဆန်ထား​ပြီး​ သူမအ​နေနှင့်​ လျှို့​ဝှက်စွာသာ ​နေထိုင်လို​ကြောင်း​ ​ပြောဆိုထား​သည်။

သူမ၏ ခန္ဓာကိုယ် လှပမှု​ကြောင့်​ ဆွဲ​ဆောင်မှုရှိ​သော အမျိုး​သမီး​တစ်ဦး​ဟု အများ​စုက ယူဆ​နေကြသည်။ သူမ၏ လှုပ်ရှား​မှုမှာ အစိုး​ရ၏ ဆင်း​ရဲနွမ်း​ပါး​မှု တိုက်ဖျက်​ရေး​ မ​အောင်မြင်မှုအ​ပေါ် တတ်စွမ်း​သမျှ ဆန္ဒပြရန်ဟု ယင်း​အမျိုး​သမီး​ကဆိုသည်။ သူမကို တရုတ်​ခေါင်း​ဆောင်​ဟောင်း​ ဝမ်လီ၏ ​မြေး​ဖြစ်သူ ဝမ်ဘိုဘိုဟု ခန့်​မှန်း​မှုများ​ ထွက်​ပေါ်​နေပြီး​ ယင်း​ကို သူမက ငြင်း​ဆန်ခြင်း​၊​ ဝန်ခံခြင်း​ မရှိ​ပေ။

ပုဂ္ဂိုလ်​ရေး​ ​ကျော်ကြား​လိုမှု​ကြောင့်​ ယခုလုပ်ရပ်များ​ကို ​ဆောင်ရွက်​နေခြင်း​ဟု လူအများ​က မှတ်ချက်မပြု​စေလို​သော​ကြောင့်​ သူမ၏ ဘဝမှန်ကို ကွယ်ဝှက်ထား​မည်ဟု မျက်နှာဖုံး​စွပ် အမျိုး​သမီး​ကဆိုသည်။ သူမသည် Facebookတွင် HongKong Flowerဟူ၍ Accountတစ်ခု ဖွင့်​ထား​ကြောင်း​လည်း​ သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here