ဝက်အူ​ချောင်း​ကြိုက်လွန်း​သည့်​ ဗြိတိန်သား​ ကုန်ကျစရိတ်အလွန်များ​သဖြင့်​ ဒုက္ခ​ရောက်

alt

ဗြိတိန်မှ အမျိုး​သား​တစ်ဦး​သည် ဝက်အူ​ချောင်း​ စွဲလန်း​မှုအတွက် ဒုက္ခ​ရောက်​နေ​ကြောင်း​ သိရသည်။

၎င်းသည် တစ်​နေ့​လျင် ဝက်အူ​ချောင်း​ ၁၃ ​ချောင်း​ထိ စား​ရသဖြင့်​ တစ်လလျင် ​ပေါင်စတာလင် ၂ဝဝဝ မျှ ကုန်ကျ​နေ​ကြောင်း​ ​ဒေး​ဗစ်ဟာဒင်း​က ငြီး​တွား​ခဲ့​သည်။ ၎င်းသည် ဝက်အူ​ချောင်း​ မစား​ရလျင် အသက်မရှင်နိုင်ဟု ခံစား​ရ​လောက်​အောင် စိတ်ဓာတ်ပြင်း​ပြ​နေ​ကြောင်း​ ဟာဒင်း​က Mirrorသို့​ ​ပြောကြား​ခဲ့​သည်။ ​

ဆေး​စွဲသကဲ့​သို့​ ဝက်အူ​ချောင်း​ကို စွဲလန်း​နေခြင်း​က မိမိအတွက် အလွန်အကြပ်အတည်း​ ကြံုလာ​စေ​ကြောင်း​ ​ငွေကုန်​ကြေး​ကျ များ​ပြား​နေသည့်​ အသက် ၄၇ နှစ်အရွယ် ဟာဒင်း​ကဆိုသည်။ ဟာဒင်း​သည် ဝက်အူ​ချောင်း​ ပုံမှန်မစား​ရလျင် ရူး​ကြောင်​ကြောင် ဖြစ်လာတတ်​ကြောင်း​ ဖွင့်​ဟခဲ့​ပြီး​ ၎င်း၏ အခက်အခဲအတွက် အများ​က စု​ပေါင်း​ဖြေရှင်း​ကူညီမှုမျိုး​ကို ​မျှော်လင့်​လျက်ရှိသည်။ ဝက်အူ​ချောင်း​ကို မည်သည့်​အဆာပလာမှ တွဲဖက်ခြင်း​ မရှိဘဲ ပကတိအတိုင်း​ စား​သောက်ရခြင်း​ကို အလွန်နှစ်သက်သည်ဟု ဟာဒင်း​ကဆိုသည်။

၎င်းအ​နေနှင့်​ ယင်း​အစွဲကို ​ဖျောက်ပစ်နိုင်မည့်​ ကုထုံး​မျိုး​ကို ​မျှော်လင့်​ကြောင်း​လည်း​ ဝန်ခံခဲ့​သည်။ ယင်း​ကိစ္စကို ကြီး​မား​သော အမှား​အယွင်း​တစ်ခုဟု မခံစား​ရ​ကြောင်း​၊​ သို့​သော်လည်း​ မိမိ၏ ​တောင့်​တမှု ဆန္ဒကို ထိန်း​ချုပ်နိုင်သင့်​သည်ဟု ယူဆ​ကြောင်း​ ဟာဒင်း​က ​ပြောကြား​သွား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here